မနေ့ညက ကစားခဲ့တဲ့ အယ်လ်ကလက်ဆီကိုပွဲမှာ ဘာစီလိုနာက ရီးယဲလ်ကို ၂-၀ ဆိုတဲ့ ရလာဒ်နဲ့ အနိုင် ယူပြီးတဲ့နောက် လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။
.
ရက်ရှ်ဖို့ဒ်၊ ဖာရန်တောရက်စ်တို့ရဲ့ ပွဲချိန်အစောပိုင်း သွင်းဂိုး ၂ ဂိုးနဲ့အတူ ဘာစီလိုနာတို့က ပွဲကို ထိန်းချုပ်သွားခဲ့ပြီး လတ်တလော တပ်ပျက်နေတဲ့ ရီးယဲလ်ကတော့ ဘာမှ တတ်နိုင်ခြင်း မရှိခဲ့ပါဘူး။
.
ပြီးခဲ့တဲ့ ရာသီတုန်းက လာလီဂါ ချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာဟာ ဒီရာသီမှာလည်း ချန်ပီယံဆုကို ဆက်လက် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့အဓိက ပြိုင်ဖက်ဖြစ်တဲ့ ရီးယဲလ်ကို ဆက်တိုက် ဆိုသလို နှိမ်နှင်းနိုင်ခဲ့တာပါ။
.
ရာသီ ပြီးဆုံးဖို့ ၃ ပွဲ လိုနေသေးပေမယ့် ဒုတိယနေရာက ရီးယဲလ်နဲ့ ၁၄ မှတ် ကွာဟသွားခဲ့ပြီ ဖြစ်တာကြောင့် ရာသီ မကုန်ခင်မှာပဲ ဘာစီလိုနာက ချန်ပီယံဆုဖလား ကိုင်မြောက်သွားခဲ့တာပါ။ ဘာစီလိုနာက ရာသီ အစောပိုင်းမှာ ရုန်းကန်ခဲ့ရမလို ဖြစ်ခဲ့သေးပေမယ့်လည်း ဖေဖော်ဝါရီ တတိယပတ်လောက်က စလို့ ဆက်တိုက် အနိုင်ရခဲ့ပြီး ၁၁ ပွဲဆက် လာလီဂါ နိုင်ပွဲ ယူနိုင်ခဲ့တာပါ။
.
ဘာစီလိုနာအတွက် ဒီရာသီ ချန်ပီယံဆု ဆွတ်ခူးနိုင်မှုမှာ အိမ်ကွင်းရလာဒ်တွေကလည်း အဓိက ကျခဲ့ပြီး ဒီရာသီ အိမ်ကွင်းမှာ ၁၈ ပွဲ ကစားပြီး ၁၈ ပွဲလုံး အနိုင်ရခဲ့တာပါ။
.
ဘာစီလိုနာအတွက် ဒီပွဲမှာ အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကတော့ ရာသီကုန်ရင် အငှားစာချုပ် ပြည့်ပြီမို့ မန်ယူအသင်းဆီ ပြန်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။ ဘာစီလိုနာဖက်ကတော့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူရင် ပေးရမယ့် ပေါင် ၂၈ သန်း ပမာဏကို စဉ်းစားနေဆဲ ဖြစ်ပြီး အပြောင်းအရွှေ့က ဘာတွေ ဖြစ်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။
.

No comments:
Post a Comment