ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၏ ၁၀ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, May 5, 2026

ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၏ ၁၀ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေမည်



ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် မဂ္ဂဇင်းကို လာမည့် ဒီဇင်ဘာလတွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မေလ ၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီနှင့် စာမူစိစစ်ရွေးချယ်ရေးအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

.

ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် ၁၀ နှစ်မြောက် မဂ္ဂဇင်းအတွက် စာမူများကို ဇွန်လကုန်အထိ လက်ခံသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာမူခေါ်ယူခြင်း မပြုတော့ဘဲ ကွန်ရက်အဖွဲ့ဝင် အသင်းအဖွဲ့များမှ စာ‌ပေဝါသနာရှင်၊ ပညာရှင်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွင်းမှ စာပေ ဝါသနာရှင်၊ ပညာရှင်များ၏ စာမူများကိုသာ ရွေးချယ်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

.

ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်ကို ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းရှိ လူမှုရေးအသင်းအဖွဲ့ ၄၀ ကျော်ဖြင့် စုစည်း ဖွဲ့စည်းထားပြီး ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများအပြင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

.

ထို့အတူ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမဂ္ဂဇင်းကိုလည်း ယခုနှစ် ၂၀၂၆ ခုနှစ်အတွင်းပင် ထုတ်ဝေသွားရန် ရှိနေပြီး စာမူများ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

.

#KBZTai #Shan #Taunggyi #SSSPBN

.

No comments:

Post a Comment

Pages