မိုင်းပန်မြို့နယ်တွင် အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၅၀ ကျော်ကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, May 5, 2026

မိုင်းပန်မြို့နယ်တွင် အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၅၀ ကျော်ကို ဖမ်းမိ



ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာ ကျိုင်းတောင်း-မိုင်းပန်သွား ကားလမ်းအနီး၌ အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား ၄ ဦးကို လည်းကောင်း၊ ယင်းနေရာ၏ အရှေ့မြောက်ဘက်မီတာ ၆၀၀၀ ခန့်အကွာတွင် အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား  အမျိုးသား ၅၂ ဦး တို့အား လည်းကောင်း ယမန်နေ့ ဧပြီလ ၄ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့ များက ဖမ်းမိခဲ့ကြောင်း သိရသည်။

.



ထို့အပြင် မိုင်းပန်မြို့၏ မြောက်ဘက် ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်း၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအတွင်း မီးရှို့ဖျက်ဆီးထားသည့် ကွန်ပျူတာများ၊ လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလုပ်ရုံ လူနေတဲ ၊ All In One  Laptop  Starlink ၊ ပါဝါစတေရှင်မီးစက် နှင့် ဆက်စပ်ပစ္စည်းများအား  သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိ သူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သိမ်းဆည်းရမိသည့် လုပ်ငန်းသုံး ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.







No comments:

Post a Comment

Pages