.
၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်
.
Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံဖြင့်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများ ထောင်ဒဏ် ၄ နှစ်စီ
ချမှတ်ခံရကြောင်း သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းမှာ မှန်ကန်မှု မရှိကြောင်း Missosology
Myanmar က ယနေ့ မေလ ၁၀ ရက်၊ နံနက်ပိုင်းတွင် ဖြေရှင်းချက် ထုတ်ပြန် ထားသည်ဟု
သိရသည်။
.
.တာချီလိတ်မယ်ကို ထောင်ဒဏ် ၄ နှစ်၊ ပွဲစီစဉ်သူ
မရမ်ဆိုင်းနော်ကို ထောင်ဒဏ် ၄ နှစ်၊ ပွဲဖြစ်မြောက်ရေး တာဝန်ခံကို ထောင်ဒဏ် ၄ နှစ်နှင့်
ဟိုတယ်မန်နေဂျာကို ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
.
လက်ရှိတွင် Miss Grand Myanmar National
Director ပွဲစီစဉ်သူ မရမ်ဆိုင်းနော်နှင့် ပွဲဖြစ်မြောက်ရေး တာဝန်ခံ
မရမ်လုလုအောင်တို့ကို ပုဒ်မ ၂၆။ ပုဒ်မ ၂၉၅ (က) တို့ဖြင့် တရားစွဲဆိုထားပြီး၊
တာချီလိတ်မြို့ ကိုယ်စားပြုအလှမယ် အိမွန်လွင်နှင့် City Director သန့်ဇင်ဦးတို့ကို ပုဒ်မ ၂၉၅ ဖြင့် တရားစွဲဆိုထားကာ ၄ ဦး ကျောက်တံတားမြို့မရဲစခန်းတွင်
ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ရမန်ကြီးတစ်ပတ် ရယူထားကြောင်း Missosology
Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ပြီးခဲ့သည့် မေလ ၄ ရက်က ကျင်းပခဲ့သည့် Miss
Grand Myanmar ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံပြိုင်ပွဲတွင် တာချီလိတ်
အလှမယ်က သီလရှင်ဝတ်စုံဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် မည်သည့်
Supervisor နှင့် Admin တာဝန်ရှိသူများကိုမှ
ကြိုတင် အကြောင်းကြားမှု မရှိဘဲ သီလရှင်ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်
ခဲ့ခြင်းနှင့် မြန်မာပြည်၏ လူဦးရေ အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို
မထီမဲ့မြင်ပြုရာ ရောက်ခြင်းတို့ကြောင့် စာချုပ်ပါ စည်းကမ်းချက်များအရ ပြိုင်ပွဲမှ
ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization က ထုတ်ပြန်ကြေညာထားပြီး
ကျင်းပရန် ကျန်ရှိနေသည့် ဆန်ကာတင်ပြိုင်ပွဲ (Preliminary) နှင့်
နောက်ဆုံးဗိုလ်လုပွဲ (Grand Final) ပြိုင်ပွဲများ ကို ရက်အကန့်အသတ်မရှိ
ရွှေ့ဆိုင်းထားကြောင်း သိရသည်။
.
ထို့အပြင် ပြိုင်ပွဲကျင်းပခဲ့သည့် ရန်ကုန်မြို့ရှိ
Eravati Sule Grand Hotel Yangon ကိုလည်း ၆ လ ယာယီ ပိတ်ထားကြောင်း
သိရသည်။
.

No comments:
Post a Comment