.
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်
.
မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့
လိဒ်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲမှာတော့ ၁-၁ ဆိုတဲ့ရလာဒ်နဲ့ သရေကျသွား ခဲ့ပြီး
တန်းဆင်းဇုန်ကနေ ဝေးရာကိုပြေးမယ့် စပါးရဲ့အစီအစဉ်လည်း မအောင်မြင်ဘဲ ဖြစ်သွားခဲ့ပါတယ်။
.
.ပွဲချိန် ပထမပိုင်းမှာ ၂ ဖက်လုံး ဂိုးတွေ
မသွင်းနိုင်ကြပေမဲ့ ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ စပါးအတွက် တိုက်စစ်မှုး မိုင်သီတဲ
က ဦးဆောင်ဂိုးသွင်းပေးခဲ့တာပါ။
.
လိဒ်ယူနိုက်တက်က
အမှတ်မလိုတော့တဲ့အသင်းဖြစ်တာမို့ စပါးအနေနဲ့ ဒီပွဲမှာသာ နိုင်လိုက်ရင် ဝက်စ်ဟမ်း အသင်းကို
၄ မှတ်ဖြတ်ပြီး တန်းဆင်းဇုန်ကနေ လွတ်ရာကိုပြေးဖို့ အခွင့်အရေးရှိနေခဲ့တာပါ။
.
ဒါပေမဲ့လည်း ပွဲချိန် ၇၄ မိနစ်မှာ မိုင်သီတဲ က
ဂိုးဧရိယာထဲမှာ ဘောလုံးကို နောက်ပြန်ကန်ပြီး ဖျက်ထုတ် ရာမှာ ပြိုင်ဖက်ခေါင်းကို
ကန်မိလို့ ပင်နယ်တီ ပေးခဲ့ရပြီး လိဒ်တိုက်စစ်မှုး ကဲလ်ဘတ်လီဝင်က ကန်သွင်းသွား ခဲ့တာပါ။
.
လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါကတော့ မိုင်သီတဲ
ရဲ့ ဆုံးဖြတ်ချက်ဟာ တကယ့်ကို ရူးကြောင်ကြောင် လုပ်ရပ်ပဲလို့
မှတ်ချက်ပေးလိုက်ပါတယ်။
.
“ဒါကြီးကတော့ တကယ့်ကို ရူးချင်စရာ
ဆုံးဖြတ်ချက်ကြီးပါ။ ကိုယ့်ဂိုးစည်းထဲမှာ ဖျက်ထုတ်တာကို နောက်ပြန်ကန်ချက်နဲ့
ဖျက်ထုတ်ဖို့ လိုလားဗျာ။ ပြိုင်ဖက်က ခေါင်းတိုက်မယ်ဆိုတာ သိနေတဲ့ အနေအထား ကြီးကို
ကိုယ်က လေထဲမှာ နောက်ပြန်ကန်တယ်ဆိုတာ တော်တော်ဆိုးတဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့
ကာရေဂါက ပြောပါတယ်။
.
လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့
တန်းဆင်းဇုန်နေရာ တစ်နေရာအတွက် စပါးနဲ့ ဝက်စ်ဟမ်းတို့က အပြိုင် ဖြစ်နေပြီး
အမှတ်ပေးဇယားရပ်တည်မှုမှာ စပါးက ဝက်စ်ဟမ်းထက် ၂ မှတ်သာနေပါတယ်။
.
ပရီးမီးယားလိဂ်ပွဲစဉ်က ၃၆ ကို ရောက်နေပြီမို့
လက်ကျန် ၂ ပွဲသာ ကစားဖို့လိုတော့ပြီး စပါးက ချယ်လ်ဆီး၊ အဲဗာတန်တို့နဲ့
ကစားရမှာမို့ ပွဲကျပ်နေတယ်လို့ပြောရမှာပါ။
.
ဝက်စ်ဟမ်းကတော့ သူတို့ရဲ့လက်ကျန် ၂ ပွဲကို
နယူးကာဆယ်၊ လိဒ် တို့နဲ့ ကစားရမှာဖြစ်ပါတယ်။
.

No comments:
Post a Comment