အောင်ပန်းတွင် လမ်းလျှောက်လာသူ ၂ ဦးထံက စိတ်ကြွဆေးပြား ၁၀၀၀၀ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 12, 2026

အောင်ပန်းတွင် လမ်းလျှောက်လာသူ ၂ ဦးထံက စိတ်ကြွဆေးပြား ၁၀၀၀၀ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ မေလ ၁၁ ရက်က လမ်းလျှောက် လာသူ ၂ ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.



.

အောင်ပန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မေလ ၁၁ ရက်က ကင်းလှည့်ဆောင်ရွက်စဉ် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ နယ်မြေ (၁)၊ အောင်ပန်း-ပင်းတယ ကားလမ်း ဘေး အရောက်တွင် မသင်္ကာဖွယ် လမ်းလျှောက်လာသူ ၂ ဦးအား ရပ်တန့်စစ်ဆေးရာ သီပေါမြို့နယ်၊ နမ့်လန် ကျေးရွာနေ စိုင်းပန်ချိန် နှင့် နန်း‌ရွှေယိင်း ဆိုသူတို့ ဖြစ်ကြောင်း သိရပြီး နန်းရွှေယိင်း လွယ်ထားသည့် ချည် လွယ်အိတ်အတွင်းမှ အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ အထုပ် ၁၀ ထုပ်စည်း ၅ စည်း၊ စုစုပေါင်း ၁၀၀၀၀ အလေးချိန် ၉၀၀ ဂရမ် ဒေသကာလတန်ဖိုး သိန်း ၃၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းပန်ချိန်နှင့် နန်းရွှေယိင်း တို့ ၂ ဦးအား အောင်ပန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages