ဘက်ပီ
က ဒီရာသီမှာ ရီးယဲလ်ရဲ့ အဓိက တိုက်စစ်မှူးပါ။ ရီးယဲလ်အတွက် ပြိုင်ပွဲစုံ ဂိုး ၄၀
ကျော် သွင်းထားတဲ့ ဘက်ပီ ဟာ လက်ရှိ အချိန်မှာတော့ အသင်းရဲ့ ဘူကောင်လေး လိုမျိုး
ဖြစ်လို့ နေပြန်ပါတယ်။
.
ဘက်ပီဟာ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒူးဒဏ်ရာ ရခဲ့ပါတယ်။
မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၂ ကျော့လုံး လွဲချော်ခဲ့သလို၊
အက်သလက်တီကိုနဲ့ ပွဲကိုပါ လွဲချော်ခဲ့တာပါ။
.
ဒါပေမယ့်
ဘက်ပီ မပါနိုင်သေးတဲ့ အချိန်မှာ ရီးယဲလ်က တိုက်စစ်အစွမ်းတွေပြ၊ စွမ်းဆောင်ရည် ကောင်းတွေ
ပြပြီး မန်စီးတီးကို ၂ ကျော့လုံးနို င်တဲ့အပြင် အက်သလက်တီကို ကိုပါ နိုင်ခဲ့တာပါ။ ဘက်ပီ
မပါနိုင်တဲ့ အချိန် ရီးယဲလ်ရဲ့ ရလာဒ်တွေက ဆယ်လ်တာ၊ မန်စီးတီး၊ အယ်လ်ချီ၊
မန်စီးတီး၊ အက်သလက်တီကို တို့ကို နိုင်ခဲ့ပါတယ်။
.
ဒါပေမယ့်
ဘက်ပီတစ်ယောက် ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အချိန်မှာ ရီးယဲလ်ရဲ့ ရလာဒ်တွေက မာယော့ကာ၊ ဘိုင်ယန်၊ တို့ကို
ရှုံးပြီး ဂီရိုနာနဲ့ ဘက်တစ် ကို သရေ ကျခဲ့ပြီး
အလာဗက်စ် ကိုသာ နိုင်ခဲ့ပါတယ်။
.
ဘက်ပီလည်း
ပြန်နာသွားရော ရီးယဲလ်ရဲ့ ရလာဒ်က ချက်ချင်းဆိုသလို ပြန်ကောင်းသွားတော့တာပါပဲ။ အက်စ်ပန်ညို
ကို ၂ ဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။ ဒီတော့ ပရိသတ်တွေလည်း ဘက်ပီ
ပြန်လာဖို့ပဲ မျှော်ရမလား၊ ပြန်မလာဖို့ပဲ ဆုတောင်းရမလားနဲ့ လမ်းပျောက်နေကြပါပြီ။
.

No comments:
Post a Comment