မက်မန်းမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ၁၀ ဦး ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 15, 2026

မက်မန်းမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ၁၀ ဦး ဖမ်းမိ



ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ် အတွင်းရှိ သံလွင်မြစ်အနီးတွင် ယမန်နေ့ မေလ ၁၄ ရက်က အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အွန်လိုင်း လိမ်လည်လောင်းကစား လုပ်ကိုင်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မက်မန်းမြို့နယ် အတွင်းရှိ သံလွင်မြစ် အရှေ့ဘက်ကမ်း တစ်လျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၁၃ ရက် ညနေ ၅ နာရီခန့်တွင် မက်မန်းမြို့၏ အနောက် တောင်ဘက် မီတာ ၄၂၀၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အဦများ၊ အသုံးအဆောင်များ နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မေလ ၁၄ ရက်၊ နံနက် ၁၀ နာရီခန့်က မက်မန်းမြို့၏ အနောက်တောင်ဘက် မီတာ ၄၀၀၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အဦများ၊ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ယမန်နေ့ မေလ ၁၄ ရက်၊ ညနေ ၃ နာရီခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် မီတာ ၄၄၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁ ဦးနှင့် မက်မန်းမြို့၏ အနောက်တောင်ဘက်မီတာ ၄၄၅၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေ သည့် တရားမဝင် တရုတ်နိုင်ငံသား ၉ ဦး၊ စုစုပေါင်း တရားမဝင်တရုတ်နိုင်ငံသား ၁၀ ဦး တို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကို လည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ နောက်ကွယ်မှ ပါဝင် ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
.


No comments:

Post a Comment

Pages