လူမျိုးရေးခွဲခြားတဲ့ ရှပ်အင်္ကျီဝတ်မိလို့ ပြဿနာတက်နေတဲ့ G-Dragon - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 5, 2026

လူမျိုးရေးခွဲခြားတဲ့ ရှပ်အင်္ကျီဝတ်မိလို့ ပြဿနာတက်နေတဲ့ G-Dragon

.

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်

.

တောင်ကိုရီးယားရဲ့ K pop ဂိုဏ်းချုပ်ကြီးလို့တောင် တင်စားကြတဲ့ G-Dragon ကတော့ ဖျော်ဖြေပွဲတစ်ခုမှာ လူမျိုးရေးခွဲခြားမှု စာသားပါတဲ့ တီရှပ်တစ်ထည်ကို ဝတ်မိလို့ ပြဿနာ တက်နေပါပြီ။

.

.

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့တုန်းက မကာအိုမှာ ပြုလုပ်တဲ့ K-SPARK ပွဲမှာ G-Dragon နဲ့အတူ အခြား အနုပညာရှင်တွေ ပါဝင်ခဲ့ပြီး စင်ပေါ်မှာ ဝတ်ဆင်ခဲ့တဲ့ သူ့ရဲ့တီရှပ်မှာ ပြဿနာ ဖြစ်သွားခဲ့တာပါ။

.

ပရိသတ်တွေကတော့ ဒီ တီရှပ်က ပြီးခဲ့တဲ့ ၁၀ နှစ်ကြာကတည်းက G-Dragon ဆီမှာ ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ လူတွေ သတိမထားမိခဲ့ကြတာလို့ ပြောနေကြပါတယ်။

.

လက်ရှိအချိန်မှာ G-Dragon ရဲ့ အေဂျင်စီဖြစ်တဲ့ Galaxy Corporation က တောင်းပန်စာထုတ်ပြီး တောင်းပန်ခဲ့ပေမယ့် ပရိသတ်တွေကတော့ G-Dragon ကိုယ်တိုင် မတောင်းပန်တာကြောင့် ကျေနပ်နိုင်ခြင်း မရှိကြသေးပါဘူး။

.

ဒီအမှားက အင်္ကျီကို ဝတ်ဆင်ခဲ့တဲ့ G-Dragon ရဲ့အမှားဖြစ်တာမို့ ကိုယ်တိုင်ပြန်တောင်းပန်ရမယ်ဆိုတဲ့ မှတ်ချက်တွေ၊ တောင်းဆိုမှုတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ တစ်ပုံကြီး ရှိနေပါသေးတယ်။

.

G-Dragon အတွက်တော့ ၂၀၂၆ ခုနှစ်က သိပ်ပြီး အဆင်မပြေလှပဲ သူ့အပေါ် မဟုတ်မမှန် မှတ်ချက်တွေ ရေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူ ၁၀၀ ကျော်ကို တရားစွဲခဲ့ပါသေးတယ်။

.

ဒါ့အပြင် ဒူဘိုင်းဖျော်ဖြေပွဲမှာတုန်းက “Lunar New Year” လို့ ပြောခဲ့တာကို တရုတ်ပရိသတ်တွေက “Chinese New Year” လို့ ဘာကြောင့် မခေါ်တာလဲဆိုပြီး ပြဿနာ အရှာခံခဲ့ရပါသေးတယ်။

.

No comments:

Post a Comment

Pages