မနေ့ညက
ကစားခဲ့တဲ့ ဘိုင်ယန်နဲ့ PSG
တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ
PSG ရဲ့ လက်ထိဘောတွေကို ဒိုင်က ပင်နယ်တီ မပေးတဲ့အတွက်
ဘိုင်ယန် ပရိသတ်တွေနဲ့ ကစားသမားတွေ ပေါက်ကွဲ နေကြပါတယ်။
.
ပထမ
အကျော့တုန်းက အဝေးကွင်းမှာ ရှုံးခဲ့တာမို့ ဒုတိယအကျော့မှာ နိုင်ပွဲ ပြန်ရှာဖို့လို
နေတဲ့ ဘိုင်ယန်ဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ၁ ဂိုးစီသာ သရေ ကစားနိုင်ခဲ့ပြီး
ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။
.
ပွဲအစ
၃ မိနစ်မှာကတည်းက ဒမ်ဘီလီရဲ့ ဂိုးနဲ့ PSG
ဦးဆောင်ခွင့် ရခဲ့ပြီး ဘိုင်ယန်အတွက် ချေပဂိုးကို ပွဲချိန် ၉၄
မိနစ်မှာမှ ဟယ်ရီကိန်းက သွင်းနိုင်ခဲ့တာပါ။
.
ပွဲချိန်အတွင်းမှာ
PSG ကစားသမားတွေ
ဖြစ်ကြတဲ့ မန်ဒက်ဇ်နဲ့ ဂျာအိုနီဗက်စ် တို့ ဧရိယာအတွင်းမှာ လက် ထိခဲ့ကြပေမယ့်လည်း
ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီ သတ်မှတ်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
.
ဘိုင်ယန်နည်းပြ
ကွန်ပနီကတော့ လက်ထိဘောတွေ မပေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး "ဘောလုံးနဲ့ ပတ်သက်တဲ့
စည်းကမ်းတွေကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမယ့် နီဗက်စ်ရဲ့ လက်ထိ ဘောမှာတော့
လုံလောက်တဲ့ အကွာအဝေးကနေ ဘောလုံးက ရောက်လာခဲ့ပြီး လက်ထိ သွားတာလေဗျာ။
သူ့အသင်းဖော်ကန်လိုက်တာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ဒီလိုနေရာမှာ လက်ထိရင်တော့
သေချာပေါက် ပင်နယ်တီပါပဲ" လို့ ပြောပါတယ်။
.
ဒါပေမယ့်လည်း
နောက်ဆုံးမှာတော့ ဒီရာသီ ခြေစွာလှပါတယ်ဆိုတဲ့ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံလိဂ်ကနေ
ထွက်သွားခဲ့ရပါပြီ။
.
ဒီနှစ်ချန်ပီယံလိဂ်ရဲ့ ဗိုလ်လုပွဲအဖြစ် အာဆင်နယ်နဲ့ PSG တို့ ကစားရတော့မှာ ဖြစ်ပြီး အာဆင်နယ်အနေနဲ့ မနှစ်က ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား၊ ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ စည်သူလွင်အဖြစ် ဇာတ်သိမ်းသွားမလား ဆိုတာကတော့။ ။

No comments:
Post a Comment