.
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်
.
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဒူအာ လီပါ ကတော့
တောင်ကိုရီးယားနည်းပညာကုမ္ပဏီဖြစ်တဲ့ Samsung ကို
တရားစွဲလိုက်ပါပြီ။ အကြောင်းကတော့ သူမရဲ့ ဓာတ်ပုံတွေကို ခွင့်ပြုချက်မရှိဘဲ
အသုံးပြုခဲ့တယ် ဆိုတာကြောင့်ပါပဲ။
.
.အမေရိကန် တရားရုံးမှာ တရားစွဲထားတာဖြစ်ပြီး
လျော်ကြေးအဖြစ် ဒေါ်လာ ၁၅ သန်း တောင်းထားပါတယ်။
.
တရားစွဲမှုအရ အမေရိကန် တစ်နိုင်ငံလုံးမှာ
ရောင်းချနေတဲ့ Samsung ရဲ့ တီဗီ ဘူးခွံတွေမှာ ဒူအာလီပါ ရဲ့
ဓာတ်ပုံတွေကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ ဒီအမှုကို ကယ်လီဖိုးနီးယားမှာရှိတဲ့
တရားရုံးမှာ တင်သွင်း ခဲ့တာပါ။
.
အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ ဒူအာလီပါက
ဂရမ်မီဆုရှင် အဆိုတော်ဖြစ်ပြီး “Don’t Start Now” “Levitating” “Physical” သီချင်းတွေနဲ့ ကမ္ဘာကျော်အဆိုတော် ဖြစ်လာတဲ့သူပါ။ သူမက Puma ၊ Yves Saint Laurent ၊ Versace တို့လို ကုမ္ပဏီကြီးတွေနဲ့ ကြော်ငြာစာချူပ်တွေ ချုပ်ဆိုထားသူလည်း
ဖြစ်ပါတယ်။
.
တရားရုံးမှာတင်ပြထားတဲ့ စာအရတော့ လီပါ က Samsung ကို သူမရဲ့ဓာတ်ပုံအသုံးပြုခွင့်နဲ့ ပတ်သက်လို့ သဘောတူညီမှု တစ်စုံတစ်ရာ
မရှိခဲ့ဘူးလို့ ပါပါတယ်။ ဒါပေမယ့် တီဗီဗူးတွေမှာ အသုံးပြုထားတဲ့ ပုံစံက
သူမနဲ့ဆမ်ဆောင်းတို့ ပူးပေါင်းလုပ်ဆောင်ထားသလိုဖြစ်နေပြီး မှားယွင်းတဲ့ဆက်စပ်မှု
ဖြစ်အောင် Samsung က အသုံးချထားတာဖြစ်တယ်လို့
စွပ်စွဲထားတာပါ။
.
ဒူအာလီပါ က သူမရဲ့နာမည်၊ ပုံရိပ်တွေအပေါ်မှာ
တန်ဖိုးကြီးတဲ့ မူပိုင်ခွင့်နဲ့ အသုံးပြုခွင့်တွေ ပိုင်ဆိုင်ထားပြီး တရားစွဲမှု
မတိုင်ခင်ကတည်းက လီပါ ရဲ့ရှေ့နေတွေက ဒီပုံတွေကို မသုံးဖို့အတွက် Samsung ကို အကြိမ်ကြိမ်စာပို့ခဲ့တယ်လို့လည်း သိရပါတယ်။
.
ဒူအာလီပါ ဖက်က ဒီတရားစွဲမှုမှာ လျော်ကြေးအဖြစ်
အနည်းဆုံး ဒေါ်လာ ၁၅ သန်း တောင်းထားပြီး Samsung ဖက်ကတော့
တုန့်ပြန်ချက် တစ်စုံတစ်ရာ ပေါ်ထွက်မလာသေးပါဘူး။
.

No comments:
Post a Comment