ဇွန်လ ၂၈ ရက်အတွက် ကမ္ဘာ့ဖလား ခန့်မှန်းချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 28, 2026

ဇွန်လ ၂၈ ရက်အတွက် ကမ္ဘာ့ဖလား ခန့်မှန်းချက်



တောင်အာဖရိက - ကနေဒါ (နံနက် ၁-၃၀)
.

တောင်ကိုရီးယားကို အနိုင်ယူပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်လာတဲ့ တောင်အာဖရိက အနေနဲ့ ကမ္ဘာ့ဖလားအိမ်ရှင် ကနေဒါနဲ့ ရင်ဆိုင်ရမှာပါ။ အုပ်စု ပွဲတွေတုန်းက တောင်အာဖရိကရဲ့ ခြေစွမ်းက အကောင်းကြီးတော့ မဟုတ်ခဲ့ပါဘူး။ မက္ကဆီကို ကို ရှုံးခဲ့တဲ့ အဖွင့်ပွဲ အပြီးမှာတင် အုပ်စုက ထွက်ရလောက်တဲ့ ခြေစွမ်းလို့ သတ်မှတ်ခံခဲ့ရပေမယ့် နောက်ပိုင်း ပွဲတွေမှာတော့ ခြေမှန်လာပြီး တောင်ကိုရီးယားကို အနိုင်ယူနိုင်တဲ့အထိ ဖြစ်လာခဲ့တယ်။

.
အထူးသဖြင့် မာဆီကို ရဲ့ ညာတောင်ပံနဲ့ မူဒါယူ၊ မိုဒီဘာ တို့ရဲ့ ဘယ်ညာ ခံစစ်တွေက တောင်အာဖရိကရဲ့ အား အကောင်းဆုံး နေရာတွေ ဖြစ်လာခဲ့ပြီး တန်ပြန်တိုက်စစ် ပုံစံနဲ့ အံဝင်ခဲ့တာပါ။ ဒီပွဲမှာ တောင်အာဖရိက ရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား သန်ဘာ ဇွာနေး က အနီကတ်ကြောင့် ကစားခွင့် ရဖို့ မရှိဘူးဆိုတာလည်း သိထားရပါမယ်။
.
ကနေဒါကတော့ အုပ်စုပွဲမှာ ဆွစ်ဇာလန်ကို ရှုံးခဲ့ပြီး ကာတာ ကို နိုင်၊ ဘော့စနီးယားနဲ့ သရေကျခဲ့တယ်။ ကနေဒါရဲ့ တိုက်စစ်က ပွဲတိုင်း ဂိုး ရခဲ့ပြီး ဂျိုနသန်ဒေးဗစ်နဲ့ လာရင် တို့အတွဲက တော်တော်လေး စွမ်းဆောင်ရည် ကောင်းပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာလည်း အူစတာကီယိုနဲ့ ဆာလီဘာ တို့က အသင်းရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမားတွေ အဖြစ် ရှိနေကြပါတယ်။
.
ကနေဒါက အုပ်စုပွဲမှာ ထင်သလောက် ခြေစွမ်း မပြနိုင်ဘူးဆိုပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ တောင်အာဖရိကထက် ပိုသာတာ အမှန်ပဲ။ ဒါ့အပြင် အိမ်ရှင် အားသာချက်ကလည်း ရှိနေတာမို့ ပရိသတ် အားပေးမှုကိုလည်း ရနေဦးမှာပါ။
.
တောင်အာဖရိက အတွက်တော့ ၃၂ သင်းအဆင့်ကို ရောက်လာတာပဲ ကျေနပ်စရာ တစ်ခုလို့ မှတ်ယူရမှာ ဖြစ်ပြီး ဒီပွဲက ကနေဒါ အနိုင်သေချာတဲ့ ပွဲမျိုးပါ။

.
#KBZTai #Shan #Sports #Football #WC2026

No comments:

Post a Comment

Pages