.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
.
စက်သုံးဆီ
တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ယနေ့ ဇွန်လ ၁၉ ရက်
ထုတ်ပြန်သည့် သတ်မှတ်ဈေးနှုန်းများအရ စက်သုံးဆီဈေးနှုန်း အားလုံး ကျပ် ၁၀၀ ဝန်းကျင်ခန့်
ဈေးနှုန်း ထပ်မံကျဆင်းလာကြောင်း သိရသည်။
.
.တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးကွက်၌
အောက်တိန်း 92 တစ်လီတာလျှင် ၄၀၄၅ ကျပ်မှ ၃၉၄၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၀၈၅ ကျပ်မှ ၃၉၈၅
ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၄၁၅၀ ကျပ်မှ ၄၀၅၅ ကျပ်၊ ပရီမီယံဒီဇယ်
တစ်လီတာလျှင် ၄၉၆၅ ကျပ်မှ ၄၈၇၅ ကျပ်သို့ အသီးသီး ကျဆင်းလာခြင်းဖြစ်သည်။
.
“ဆီဈေးက တက်တုန်းကတော့ ဒုံးပျံလိုပဲ။ ပြန်ကျတော့
တအိအိနဲ့ မူလဈေးကို ပြန်မရောက်နိုင်တော့ပါဘူး။ ပြီးတော့ ဆီဈေးက ကျပြီဆိုရင် ဝယ်လို့မရတော့ဘူး။
ပြန်ပြီး တန်းစီရပြီ” ဟု တောင်ကြီးမြို့နေ ယာဉ်မောင်း တစ်ဦးက ပြောသည်။
.
စက်သုံးဆီဈေးနှုန်းများ အနည်းငယ်စီ
ကျဆင်းလာနေသော်လည်း စက်သုံးဆီဆိုင်ကြီးများတွင်မူ ဆီရောင်းချ ချိန် လျှော့ချလာသဖြင့်
ဝယ်ယူရန် ခက်ခဲနေပြီး ပြင်ပ မှောင်ခို ဈေးကွက်မှာမူ ဆက်လက် ရှိနေဆဲ ဖြစ်ကာ
နေရာဒေသအပေါ် မူတည်၍ စက်သုံးဆီဈေးနှုန်း မှာ တစ်လီတာလျှင် ၇၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်
ဝန်းကျင်ထိ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment