.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်
.
တောင်ကြီးမြို့တွင် ဇွန်လ ၂၇ ရက်က အမျိုးသား ၂ ဦးထံမှ
WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေး ၂၃၀၀ ပြား ကို သီးခြားစီ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊
မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၇ ရက်က
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ စစ်သူရကျော် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ
၎င်းထံမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား
၂၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့တွင်ပင် တောင်ကြီးမြို့၊
ရတနာသီရိရပ်ကွက်၌ လမ်းလျှောက်လာသူ အမျိုးသား တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀
ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment