.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်
.
“ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ
ဟိုပန်ခရိုင်၊ နမ့်တစ်မြို့တွင် အသက် ၈၀ ကျော်အရွယ် မိခင်အား သတ်ဖြတ် ခဲ့သူ အမျိုးသားတစ်ဦးကို
“ဝ” ပြည်နယ် တရားစီရင်ရေးဌာနက သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
.
.ကျူးလွန်သူမှာ အသက် ၄၀ ကျော်အရွယ် တရုတ်-ကိုးကန့်လူမျိုး
Ping suang ling ဆိုသူဖြစ်ပြီး မိခင် ဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ
လူသတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားသည် လွန်ခဲ့သည့် ၃ လခန့်က မိခင်ဖြစ်သူနှင့်
ငွေကြေးကိစ္စ စကားများရာမှ မိခင်အား ခုတင်ပေါ်မှ ဆွဲချပြီး ရိုက်နှက်ခဲ့ခြင်းဖြစ်ကာ
ယမန်နေ့ ဇွန်လ ၂၈ ရက်တွင် သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။
.
“ဝ” ပြည်နယ် တရားစီရင်ရေးဌာန (WSP) သည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်တွင် အမျိုးသားတစ်ဦးကို လည်းကောင်း၊ မတ်လ ၂၉ ရက်တွင်
အမျိုးသားတစ်ဦးကိုလည်းကောင်း အများပြည်သူရှေ့တွင် သေဒဏ် စီရင်ခဲ့ဖူးသည်။
.
Photo - Wa News Land
.

No comments:
Post a Comment