ထိုင်းနိုင်ငံ အယုဒ္ဓယမှာ သေနတ်ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ လူငယ် ၂ ဦး အဖမ်းခံထားရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 28, 2026

ထိုင်းနိုင်ငံ အယုဒ္ဓယမှာ သေနတ်ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ လူငယ် ၂ ဦး အဖမ်းခံထားရ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်

.

ထိုင်းနိုင်ငံ၊ ဘန်ကောက်-ဆူဖန်ဘူရီ လမ်းမကြီးအနီး၊ လတ်ဘွာလန်းဒေသမှာ ဇွန်လ ၂၆ ရက်၊ ည ၁၀ နာရီ လောက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် အသက် ၁၇ နှစ်အရွယ်လူငယ် ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

.



.

လမ်းမဘေးမှာ ရပ်ထားတဲ့ Pickup ကားတစ်စီးက ဖြတ်မောင်းသွားတဲ့ မော်တော်ဆိုင်ကယ်တွေကို လိုက်လံ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက ဘယ်ဖက်ပေါင်မှာ ကျည်ဆန် ၂ ချက် ထိမှန်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကတော့ ဘယ်ဖက်ဒူးကို ကျည်ဆန် မှန်သွားခဲ့တာပါ။

.

အပစ်ခံရသူတွေက ဆိုင်ကယ်နဲ့ မောင်းနှင်ထွက်ပြေးခဲ့ကြပြီး အိမ်ကိုပြန်ရောက်ပြီးတဲ့နောက် မိဘတွေက လတ်ဘွာလန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာပါ။

.

စုံစမ်းစစ်ဆေးမှုတွေအရ အခင်းဖြစ်ပွားရာ နေရာအနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းက သံဃာတစ်ပါး ပါဝင် နေတာကို သိရှိခဲ့ပြီး အဲဒီညမှာပဲ သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ဘုန်းကြီးကျောင်းထဲမှာ လက်လုပ် 12-Guage သေနတ်တစ်လက်နဲ့ ကျည်ဆန်တွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

.

အဲဒီနောက်မှာတော့ အသက် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ပြီး ပစ်ခတ်မှုမှ အသုံးပြုခဲ့တဲ့ အနက်ရောင် Pickup ကားတစ်စီးကိုပါ သိမ်းဆည်းရမိခဲ့တာပါ။

.

စစ်ဆေးမေးမြန်းမှုတွေအရတော့ ဘုန်းကြီးနဲ့ လူငယ်နှစ်ယောက်က ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို သူတို့ရဲ့ရန်ဖက်အဖွဲ့လို့ ထင်မှတ်ပြီး မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

.

နှစ်ဖွဲ့အကြား ရန်စတွေရှိခဲ့တာကြောင့် သူတို့ရဲ့ရန်ဖက်အဖွဲ့ကို ရှာဖွေဖို့ ကားနဲ့ လှည့်ပတ်သွားနေစဉ်မှာပဲ ဆိုင်ကယ်စီးလာတဲ့လူငယ်တွေကို ရန်ဖက်အဖွဲ့လို့ထင်ခဲ့ပြီး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

.

ပစ်ခတ်ခံရတဲ့ လူငယ်တွေက အသက် ၁၇ နှစ်ကနေ ၁၄ နှစ်အရွယ် လူငယ်တွေဖြစ်ကြပြီး သူငယ်ချင်း ၅ ဦး ပါဝင်တဲ့အဖွဲ့က မော်တော်ဆိုင်ကယ် ၃ စီးနဲ့ ယာဉ်ပြုပြင်ပစ္စည်းတွေ ပို့ဆောင်ဖို့ သွားနေချိန်မှာ ပစ်ခတ် ခံခဲ့ကြရတာပါ။ သေနတ်သံကြားလိုက်ပြီးတဲ့နောက် နေရာကနေ ချက်ချင်းမောင်းပြေးခဲ့ကြပြီး နေအိမ်ကို ရောက်ချိန်မှာမှ သေနတ်မှန်သူတွေရှိကြောင်း သိရှိခဲ့ကြတာပါ။

.

လက်ရှိမှာတော့ ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားပြီး ကုသမှုတွေ ခံယူနေဆဲဖြစ်ပါတယ်။

.

အနီးအနားက မျက်မြင်သက်သေတွေကတော့ ပစ်ခတ်သူတွေရဲ့ကားဟာ အခင်းဖြစ်ပွားရာနေရာမှာ စောင့်နေပြီး ဆိုင်ကယ်တွေကို နောက်ကနေ လိုက်လံပစ်ခတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

.

ရဲတပ်ဖွဲ့က ပစ်ခတ်မှုမှာ ပါဝင်သူတွေကို လူသတ်ရန်ကြိုးပမ်းမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ အသုံံးပြုမှုနဲ့ အများပြည်သူနေရာတွေမှာ လက်နက်ကိုင်ဆောင်မှု စတဲ့အမှုတွေနဲ့ တရားစွဲထားပါတယ်။

.

Source – Khaosad

.

No comments:

Post a Comment

Pages