.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်
.
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအတွက် ရလဒ်ကောင်းတွေ
ရယူပေးနေပြီး ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်လာခဲ့ပေမဲ့လည်း လက်ရှိမှာတော့
ခေါ်ယူတဲ့အသင်းမရှိဘဲ အလုပ်လက်မဲ့ဖြစ်နေရတဲ့အကြောင်း ကိပ်ဗာဒီ ဂိုးသမား ဗိုဇင်ဟာက
ရင်ဖွင့်ပါတယ်။
.
.အသက် ၄၀ အရွယ်ဂိုးသမား ဗိုဇင်ဟာ က ပြီးခဲ့တဲ့
နှစ်ရာသီမှာ ပေါ်တူဂီကလပ် ချာဗက်စ်မှာ ကစားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့
စာချုပ်သက်တမ်းကုန်ဆုံးသွားတာကြောင့် အသင်းနဲ့ လမ်းခွဲခဲ့ရတာပါ။
.
ဘရာဇီးသတင်းထောက် ဒါနီယယ်နဲ့ အင်တာဗျူးမှာ
ဗိုဇင်ဟာ က “ကျွန်တော့်ရဲ့အရင်ကလပ် ဒီပို့တီပို ချာဗက်နဲ့
စာချုပ်ပြီးဆုံးသွားပါပြီ။ အခုအချိန်မှာတော့ အသင်းသစ်မရသေးပါဘူး။ ကျွန်တော့အနေနဲ့
ဘယ်အခွင့်အရေးကိုမဆို လက်ခံဖို့အသင့်ရှိပါတယ်။ ဘာတွေ ပေါ်လာမလဲဆိုတာ
စောင့်ကြည့်ရမှာပေါ့” လို့ပြောဆိုသွားခဲ့တာပါ။
.
ဗိုဇင်ဟာ က ကိပ်ဗာဒီအသင်းရဲ့အဓိက
သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး အသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံး
ကာကွယ်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်ပေမဲ့လည်း
သူ့ရဲ့စွမ်းဆောင်ရည် တွေကြောင့် ဗိုဇင်ဟာ ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေလည်း
ပေါ်ထွက်လာဖို့ရှိနေပါတယ်။
.
ဗိုဇင်ဟာ က ကမ္ဘာ့ဖလားအဖွင့်ပွဲဖြစ်တဲ့
စပိန်အသင်းနဲ့ပွဲမှာ အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ပြီး နာမည်ကျော် ကစားသမားတွေဖြစ်ကြတဲ့
ယာမယ်နဲ့ နီကိုဝီလီယံ တို့တောင် သူ့ကိုကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တာပါ။ ဒါ့အပြင်
ဆိုရှယ်မီဒီယာမှာလည်း နာမည်ကြီးသူတစ်ယောက်ဖြစ်လာခဲ့ပြီး ပရိသတ် ၁ သန်းကျော်အထိ
ရရှိခဲ့ပါတယ်။
.
ဆော်ဒီနဲ့ ဂိုးမရှိသရေကျတဲ့ ပွဲစဉ်အပြီးမှာတော့
ဗိုဇင်ဟာ က အုပ်စုတွင်း ၃ ပွဲကစားပြီး ပေးဂိုးမရှိပွဲစဉ် ၂ ပွဲကို ရယူနိုင်ခဲ့တဲ့
ဂိုးသမားစာရင်းထဲမှာလည်း ပါဝင်လာခဲ့ပါတယ်။
.
Source – TheSun
.

No comments:
Post a Comment