၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရှမ်းပြည်နယ်တစ်ခုလုံး၌ အောင်မြင်သူ ၇၉၉၈ ဦး ရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 28, 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရှမ်းပြည်နယ်တစ်ခုလုံး၌ အောင်မြင်သူ ၇၉၉၈ ဦး ရှိ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်

.

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ ဇွန်လ ၂၈ ရက်၊ နံနက် ၄ နာရီမှ စတင်၍ ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ်တစ်ခုလုံးတွင် အောင်မြင်သူ ၇၉၉၈ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၉၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

.

.

ဒေသအလိုက်အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြေဆိုသူ ၁၃၃၈၃ ဦး၊ အောင်မြင်သူ ၆၅၃၇ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၄၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြေဆိုသူ ၁၆၈၇ ဦး၊ အောင်မြင်သူ ၇၃၅ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၄၃ ဒသမ ၅၇ ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဖြေဆိုသူ ၁၉၇၂ ဦး၊ အောင်မြင်သူ ၇၂၆ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၃၆ ဒသမ ၈၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

.

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် တစ်ခုလုံး အနေဖြင့် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ ၁၇၇၆၁ ဦး စာရင်း ပေးထားခဲ့ပြီး ၁၇၀၄၂ ကျော် ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။

.

ဘာသာတွဲအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှတ်အများဆုံး ရရှိသူ ၁၀ ဦး စာရင်းများတွင် ရှမ်းပြည်နယ်မှ ကျောင်းသား/သူများ ပါဝင်ခြင်း မရှိချေ။

.

No comments:

Post a Comment

Pages