တောင်ကြီးတွင် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

တောင်ကြီးတွင် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၂၀ ရက်၊ ညပိုင်းက လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၂၀ ရက်၊ ည ၇ နာရီခန့်က ရွှေတောင်ရပ်ကွက်၊ တောင်တန်းရှည်လမ်းပေါ်တွင် ပိတ်ဆို့စစ်ဆေး ရှာဖွေနေစဉ် ယင်းလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ တစ်ဦးတည်း လမ်းလျှောက်လာသူ ငြိမ်းချမ်း (ခ) အိုစမန်း အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါးဟု ယူဆရသော WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၈၀၀ ပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ငြိမ်းချမ်း (ခ) အိုစမန်းအား တောင်ကြီး မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages