အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်သည့် ပြည်ပနိုင်ငံသား ၁၂ ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်သည့် ပြည်ပနိုင်ငံသား ၁၂ ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

.

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများနှင့် ပတ်သက်သည့် ပြည်ပနိုင်ငံသား ၁၂ ဦးအား ထပ်မံ ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

.

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၅ ဦး၊ အီသီ ယိုးပီးယားနိုင်ငံသား ၂ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၂ ဦး၊ နမီးဘီးယားနိုင်ငံသား ၁ ဦး၊ လိုက်ဘီးရီးယား နိုင်ငံသား ၁ ဦးနှင့် ယူဂန္ဓာနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂ ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

. 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၃၀ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ကာ ၎င်းတို့အနက်မှ ၁၃၅၅၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 .

လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၇၇ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှ င့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၅၁၅ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

.

No comments:

Post a Comment

Pages