အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ နိုင်ငံခြားကစားသမား ၃ ဦး ခေါ်ပြလိုက်တဲ့ ရှမ်း အမျိုးသမီးအသင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ နိုင်ငံခြားကစားသမား ၃ ဦး ခေါ်ပြလိုက်တဲ့ ရှမ်း အမျိုးသမီးအသင်း


၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်

.
ဒီရာသီမှာ နိုင်ငံခြားကစားသမား တစ်ယောက်မှ အား မဖြည့်ထားတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းကတော့ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာမှ နိုင်ငံခြား ကစားသမား ၃ ဦးကို တပြိုင်တည်း ခေါ်ပြီး ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ပြသွားခဲ့ပါတယ်။
.
ဒီရာသီ နိုင်ငံခြားကစားသမား အပြောင်းအရွှေ့ကို ဧရာဝတီ၊ ဇွဲကပင်နဲ့ ရတနာပုံ အသင်းတို့ကသာ လုပ်ထားကြပြီး အမျိုးသမီးလိဂ်ရဲ့ အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်တို့ ငြိမ်သက်နေခဲ့တာကြောင့် ပရိသတ်တွေ အားမလို အားမရ ဖြစ်ခဲ့ကြရတာပါ။
.
အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဂါနာလက်ရွေးစင် အမျိုးသမီးအသင်းရဲ့ တိုက်စစ်နဲ့ တောင်ပံကစားသမား ယောက်အပြင်၊ ဘူရွန်ဒီ အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ကိုပါ ခေါ်ပြလိုက်ပြီး ဒီရာသီမှာ ကြမ်းတော့မယ့် အကြောင်းကို ရှမ်းယူနိုက်တက်က အသိပေးလိုက်တာပါ။
.
ရှမ်းယူနိုက်တက်အမျိုးသမီးအသင်း ခေါ်ယူခဲ့တဲ့ ကစားသမား ၃ ယောက်ကတော့
ဒါကို သရီဆာ (ကွင်းလယ်)
ဂါနာလက်ရွေးစင် အမျိုးသမီးအသင်းရဲ့ ယူ ၁၇ နဲ့ ယူ ၂၀ အသင်းတွေမှာ ရွေးချယ်ခံခဲ့ရတဲ့သူ ဖြစ်ပြီး တိုက်စစ်ကို လိုက်ပါ ဂိုးသွင်းနိုင်တဲ့ ကွင်းလယ်လူ တစ်ယောက်လည်း ဖြစ်ပါတယ်။
အဘီဂေးလ် ဆာကြည်ဝါ (တောင်ပံ၊တိုက်စစ်)
ဂါနာရဲ့ ယူ ၁၅၊ ယူ ၁၇ ၊ ယူ ၂၀ လက်ရွေးစင် အသင်းတွေမှာ ကစားခဲ့တဲ့အပြင် ဂါနာနိုင်ငံတွင်းက အမျိုးသမီး ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ရရှိခဲ့ဖူးတဲ့ တိုက်စစ် ကစားသမားပါ။ အီဂျစ်ရဲ့ နာမည်ကြီးကလပ်ဖြစ်တဲ့ ဇာမာလက် အသင်းမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး တောင်ပံမှာရော၊ အထောင်တိုက်စစ်မှူး အနေနဲ့ရော ကစားနိုင်တဲ့သူပါ။
ပိစ် အိုလ်ဂါ နီယိုဝမ်ဂီရီ (ကွင်းလယ်)
ဘူရွန်ဒီအမျိုးသမီး လက်ရွေးစင်အသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင် ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက နိုင်ငံအသင်းအတွက် ရွေးချယ်ခံထားရသူပါ။ နိုင်ငံအသင်း သွင်းဂိုး ၉ ဂိုး ရရှိထားသူ ဖြစ်ပြီး အာဖရိက အမျိုးသမီး ချန်ပီယံရှစ်မှာရော၊ ကမ္ဘာ့ဖလားမှာပါ ခြေစစ်ပွဲ ကစားဖူးတဲ့ အတွေ့အကြုံ ရှိထားတာမို့ အားကိုးရတဲ့ ကွင်းလယ်လူ ဖြစ်လာဖို့ ရှိနေတာပါ။
.
လက်ရှိမှာတော့ ဒီကစားသမားတွေက အသင်းဆီ ရောက်မလာသေးပေမယ့် အမြန်ဆုံး လာရောက် ပူးပေါင်းနိုင်ဖို့ ရှမ်းယူနိုက်တက်ဖက်က စီစဉ်နေပြီး လာမယ့်တစ်ပတ် ပွဲစဉ်အမီ မြင်တွေ့ရဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment

Pages