အနိုင်သေချာတဲ့ ပြင်သစ်နဲ့ ဇွန်လ ၃၀ ရက် ကမ္ဘာ့ဖလား ခန့်မှန်းချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

အနိုင်သေချာတဲ့ ပြင်သစ်နဲ့ ဇွန်လ ၃၀ ရက် ကမ္ဘာ့ဖလား ခန့်မှန်းချက်များ



အိုင်ဗရီကို့စ် - နော်ဝေ (ည ၁၁-၃၀)
.
နော်ဝေက ဒီပွဲအတွက် ပြင်သစ်နဲ့ ပွဲမှာ အဓိက ကစားသမား တော်တော်များများကို အနားပေးခဲ့ပြီး သေချာလေး အားမွေး ခိုင်းခဲ့တာပါ။ ဒီပွဲအတွက် နော်ဝေရဲ့ လူစာရင်းမှာ ဟာလန်း၊ အိုဒီဂတ်၊ ဆော်လော့၊ ဘာ့ခ်ျ တို့နဲ့ လူစုံမှာ ဖြစ်ပြီး ခံစစ်က ရိုင်ယာဆန်ကတော့ ဒဏ်ရာကြောင့် ဒီပွဲကို လွဲမှာပါ။
.
အိုင်ဗရီကို့စ်ကတော့ သူတို့ရဲ့ အကောင်းဆုံး ဖြစ်နေတဲ့ ကွင်းလယ် တိုက်စစ်ပိုင်းကို အားပြုလာမှာ ဖြစ်ပြီး ဒီယာမွန်ဒီ၊ ပီပီနဲ့ အာမက်ဒီယယ်လို တို့ အတွဲကို တွေ့ရမှာပါ။
.
နော်ဝေရော အိုင်ဗရီကို့စ်ရောက ကွင်းလယ်မှာ ကစားသမားကောင်းတွေ များတာမို့ ကွင်းလယ်ပိုင်းကတော့ မတိမ်းမယိမ်း ဖြစ်နေမှာပါ။ တိုက်စစ်မှာတော့ ပီပီ ထက် ဟာလန်းက ပိုကောင်းတာ သေချာပြီး ခံစစ်မှာလည်း နော်ဝေရဲ့ လူစာရင်းက ပိုသာပါတယ်။
.
တစ်ခု ရှိတာက အိုင်ဗရီကို့စ်ရဲ့ ကွင်းလယ်ခံစစ်က ဖျက်နိုင် ပြေးနိုင်တဲ့ ကစားသမားတွေ ရှိနေတာ ဖြစ်ပြီး နော်ဝေကတော့ ကွင်းလယ် ခံစစ်ပိုင်းမှာ သိပ်ပြီး အားရစရာ မရှိဘူး။ ရှုံးတာနဲ့ ထွက်ရမယ့်အဆင့်ကို ရောက်နေပြီမို့ အုပ်စုပွဲတွေကလို ပျော်ပျော်ကြီး တိုက်စစ်ဖွင့်ဆော့လို့ ရတဲ့ အနေအထားလည်း မဟုတ်တော့ပါဘူး။ အိုင်ဗရီကို့စ် တို့ မိနစ် ၉၀ အတွင်း အနည်းဆုံး သရေလောက်ရအောင် ကစားနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။
.
ပြင်သစ် - ဆွီဒင် (နံနက် ၃-၃၀)
.
ဒီပွဲအတွက် မေးခွန်းကတော့ ရှင်းပါတယ်။ ခံစစ်ပေါက်ထွက်နေတဲ့ ဆွီဒင်ကို ပြင်သစ် ဘယ်နှဂိုး သွင်းနိုင်မလဲ ဆိုတာပါပဲ။ ဆွီဒင်က ဒီနှစ်ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာကတည်းက လိမ်ဖယ်လိမ်ဖယ်နဲ့ တက်လာခဲ့တဲ့ အသင်း ဖြစ်ပြီး နာမည်ကျော် တိုက်စစ်အတွဲ ရှိနေတယ်ဆိုတာက လွဲရင် ပြစရာ လောက်လောက်လားလား ရှိ မနေပါဘူး။
.
ပြင်သစ်ကတော့ ဆွီဒင်နဲ့ မတူပဲ ဘက်ပီ၊ အိုလစ်ဆီ၊ ဒမ်ဘီလီ အတွဲနဲ့ အကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားသလို တိုက်စစ်ခံစစ် နေရာစုံမှာ ကောင်းနေတာပါ။ ပေါ်တူဂီ၊ အာဂျင်တီးနား တို့လို တစ်ဦးချင်းကို အားကိုးနေဖို့ မလိုတဲ့ အသင်း ဖြစ်သလို နေရာစုံမှာ ဂိုးသွင်းနိုင်သူတွေ ရှိနေတာပါ။
.
ဆွီဒင်ကတော့ တိုက်စစ်မှာ ယော်ကရက်စ်၊ အီဆက်၊ အီလန်ဂါ။ ကွင်းလယ်မှာ အေရာရီနဲ့ ခံစစ်မှာ လင်ဒီလော့ဖ်တို့ ရှိတာက လွဲရင် အသင်းလိုက် ကစားပုံကြီးက စုတ်ပြတ်နေတာပါ။
.
ဆွီဒင်ရဲ့ လက်ရှိ ခြေစွမ်းနဲ့တော့ ပြင်သစ်ကို သရေခံ ကန်မယ်၊ ပင်နယ်တီနဲ့ နောက်တစ်ဆင့် တက်မယ်လောက်အထိ တွေးလို့ မရပါဘူး။ ဒီပွဲက ရိုးရိုးလေးပဲ တွေးရမယ့်ပွဲ ဖြစ်ပြီး ပြင်သစ် ဂိုးပြတ် နိုင်မှာပါ။
.
မက္ကဆီကို - အီကွေဒေါ (နံနက် ၇-၃၀)
.
ဒီနှစ်ကမ္ဘာ့ဖလားမှာ မက္ကဆီကို တကယ် ကောင်းနေတာက ခံစစ်ပါ။ အုပ်စုပွဲစဉ် ၃ ပွဲစလုံး တစ်ဂိုးမှ မပေးခဲ့ရတဲ့ ခံစစ်က အကောင်းဆုံး ပုံစံမှာ ရှိနေပြီး အုပ်စုထဲက တိုက်စစ် သွက်ပါတယ်ဆိုတဲ့ အသင်းတွေ အကုန်လုံးကို ထိန်းပြသွားတယ်။ မက္ကဆီကို တိုက်စစ်က ၃ ယောက်အတွဲ ဖြစ်တဲ့ ကွီနိုနက်စ်၊ ဂျီမီနက်ဇ်နဲ့ အယ်လ်ဗာရာဒို တို့ ကလည်း အသင်းရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမားတွေ ဖြစ်နေကြတယ်။
.
အီကွေဒေါကတော့ ဂျာမနီ ဟ ပေးလို့ နောက်တစ်ဆင့် တက်လာရတဲ့ အသင်း ဖြစ်ပြီး ခံစစ်နဲ့ ကွင်းလယ်ကိုပဲ အားပြု ကစားနေရတာပါ။ ကိုင်ဆီဒို၊ ဗီတေး တို့က မက္ကဆီကို ကွင်းလယ်ကို ယှဉ်ကစားနိုင်သလို ခံစစ်က ဟင်ကာပီ၊ ပါချို တို့ကလည်း အဆင့် တစ်ခုမှာတော့ ရှိပါတယ်။
.
ဒီပွဲက မက္ကဆီကို တိုက်စစ်နဲ့ အီကွေဒေါခံစစ် အားပြိုင်မယ့် ပွဲမျိုး ဖြစ်သွားဖို့ ရှိနေပြီး ကွင်းလယ် မာတဲ့ အသင်းတွေ တွေ့ကြတာမို့ နှစ်သင်းပေါင်း သွင်းဂိုး နည်းမယ့် ပွဲမျိုးပါ။

.
#KBZTai #Shan #Sports #Football #WC2026

 

No comments:

Post a Comment

Pages