တရုတ်ရဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ဟောင်း၊ အမေရိကန်မှာ ထောင် နှစ် ၃၀ ကျ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

တရုတ်ရဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ဟောင်း၊ အမေရိကန်မှာ ထောင် နှစ် ၃၀ ကျ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

.

တရုတ်နိုင်ငံမှာ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ ဂေါင်ဝမ်ကွေ ကို ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး အမေရိကန် တရားရုံးက ထောင်ဒဏ်အနှစ် ၃၀ ချမှတ်လိုက်ပါတယ်။

.

.

အိမ်ခြံမြေ လုပ်ငန်းရှင်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဂေါင် ဟာ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံကနေ အမေရိကန် နိုင်ငံကို ထွက်ပြေးလာခဲ့ပြီးတဲ့နောက် တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန်သူတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး အွန်လိုင်းပေါ်မှာ ပရိသတ်အများအပြားကို စုဆောင်းနိုင်ခဲ့တာပါ။

.

နောက်ပိုင်းမှာတော့ ဂေါင် က ရာဇဝတ်ဂိုဏ်း ဖွဲ့စည်းမှု၊ လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုတွေအတွက် အမေရိကန်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေကို ခံခဲ့ရပြီး ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံခဲ့ရတာပါ။

.

နယူးယော့ခ်မြို့ရဲ့ တရားရုံးက ဂေါင် ဟာ တရုတ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ ဆန္ဒရှိသူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ပြီး သူတို့ရဲ့ငွေတွေနဲ့ ကိုယ်ပိုင်ဇိမ်ခံပစ္စည်းတွေ ဝယ်ဖို့ သုံးခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

.

အမေရိကန်ရှေ့နေ ဘက်ကလီက “ဂေါင်ဟာ တရားဝင်ရရှိထားတဲ့ အခွင့်အရေးတွေနဲ့ တင်းတိမ်နိုင်ခြင်း မရှိဘဲ လူထောင်ပေါင်းများစွာရဲ့ ယုံကြည်မှုကို သူ့ရဲ့လောဘအတွက် အမြတ်ထုတ်ခဲ့တာပါ။ ဒီနေ့ချမှတ် လိုက်တဲ့ ပြစ်ဒဏ်က ငွေကြေးချမ်းသာမှုနဲ့ ကျော်ကြားမှုဆိုတာ ဥပဒေအထက်မှာ ရှိမနေဘူးဆိုတာကို ပြသ လိုက်တာဖြစ်ပြီး ကိုယ်ကျိုးရှာ လိမ်လည်သူတွေအနေနဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

.

ဂေါင်ဟာ တရုတ်နိုင်ငံကနေ ထွက်မပြေးခင်အချိန်က အိမ်ခြံမြေလုပ်ငန်းနဲ့ ကြွယ်ဝချမ်းသာလာခဲ့တာဖြစ်ပြီး တရုတ်အစိုးရနဲ့လည်း ဆက်ဆံရေးကောင်းခဲ့တာပါ။ ဒါပေမဲ့ တရုတ်အစိုးရရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက ဂေါင် ကို အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲခဲ့ပြီးတဲ့နောက် အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့တာ ဖြစ်ပါတယ်။

.

အဲဒီနောက်မှာတော့ ဂေါင်က တရုတ်ကွန်မြူနစ်အစိုးရကို ဝေဖန်သူတစ်ယောက်ဖြစ်လာခဲ့ပြီး အမေရိကန်မှာ ရှိတဲ့ တရုတ်အသိုင်းအဝိုင်းမှာလည်း ထောက်ခံသူအများအပြားကို စုဆောင်းနိုင်ခဲ့ပါတယ်။ အစိုးရရှေ့နေတွေ ရဲ့ အဆိုအရ ဂေါင် ဟာ ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းထောက်ခံသူတွေကို ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့နဲ့ ခရစ်တိုငွေကြေးတွေ ဝယ်ဖို့ ဆွဲဆောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် စုဆောင်း နိုင်ခဲ့တာြဖစ်ပါတယ်။

.

ရရှိခဲ့တဲ့ငွေတွေကိုတော့ စတုရန်းပေ ၅၀၀၀၀ ကျယ်တဲ့ စံအိမ်တစ်လုံး၊ ဒေါ်လာ ၁ သန်းတန်တဲ့ လမ်ဘိုဂီနီ ကားတစ်စီး၊ ဒေါ်လာ ၃၇ သန်း တန်တဲ့ ဇိမ်ခံရွက်လှေတစ်စင်းအပါအဝင် ဇိမ်ခံပစ္စည်းတွေဝယ်ဖို့ သုံးခဲ့တာ ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

.

ဂေါင် က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အကြံပေးဟောင်း စတိဗ်ဘန်နွန် နဲ့လည်း နီးစပ်မှုရှိခဲ့ပြီး အွန်လိုင်းဗီဒီယိုတွေမှာ သူတို့နှစ်ယောက် အတူပါဝင်ခဲ့ကြတာကို တွေ့ခဲ့ရတာပါ။ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ဘန်နွန်တစ်ယောက် ဂေါင်ရဲ့ဇိမ်ခံရွက်လှေပေါ်မှာ ဖမ်းဆီးခံခဲ့ရပြီး အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ဖို့အတွက် လှူဒါန်းသူတွေကို လိမ်လည်ခဲ့တယ်ဆိုတဲ့အမှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

.

နောက်ပိုင်းမှာတော့ ဘန်နွန်က မန်ဟက်တန်တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ၃ နှစ်တာ စည်းကမ်း လိုက်နာရမယ့် ပြစ်ဒဏ်ကို တရားရုံးက ချမှတ်ခဲ့တာပါ။ ဒါ့အပြင် နယ်စပ်တံတိုင်းစီမံကိန်းနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံခဲ့ရပေမယ့်လည်း ဒေါ်နယ်ထရမ့်က သူ့ရဲ့ပထမသမ္မတသက်တမ်း နောက်ဆုံးနာရီပိုင်းမှာ လွတ်ငြိမ်းခွင့်ပေးခဲ့တာကြောင့် တရားစွဲဆိုမှုက ရပ်ဆိုင်းသွားခဲ့ရပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages