ပြင်သစ်မှာ အပျော်တမ်းလေထီးခုန်မယ့်အဖွဲ့ မခုန်ရသေးခင် လေယာဉ်ပျက်ကျပြီး အားလုံးသေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 29, 2026

ပြင်သစ်မှာ အပျော်တမ်းလေထီးခုန်မယ့်အဖွဲ့ မခုန်ရသေးခင် လေယာဉ်ပျက်ကျပြီး အားလုံးသေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်

.

ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ အပျော်တမ်း လေထီးခုန်မယ့်အဖွဲ့ကို တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ဇွန်လ ၂၈ ရက်နေ့က ပျက်ကျခဲ့ပြီး လေယာဉ်မှူးအပါအဝင် လူ ၁၁ ဦး သေဆုံးသွားခဲ့ပါတယ်။

.

.

ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ တွန်ဘလိုင်းမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ပထမအဆုံးအကြိမ် အပျော်တမ်း လေထီးခုန်မယ့် သူ ၅ ဦးဟာ သူတို့ရဲ့သင်တန်းဆရာ ၅ ဦးနဲ့ လေယာဉ်ပေါ်မှာ ရှိနေချိန် မခုန်ရသေးခင်မှာပဲ လေယာဉ်က ပျက်ကျခဲ့တာပါ။

.

လေယာဉ်က လေထီးခုန်သင်တန်းကျောင်းတစ်ခုက အသုံးပြုနေတဲ့လေယာဉ်ဖြစ်ပြီး နန်စီ-အက်ဆီ လေယာဉ်ကွင်းကနေ ထွက်ခွာပြီး မကြာမီမှာပဲ ရုတ်တရက် ပျက်ကျမှုဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပဲရစ်အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး လော်ရန့်နူနက်ဇ်က ဆိုပါတယ်။

.

သေဆုံးသူတွေရဲ့မိသားစုဝင်တွေက လေယာဉ်ကွင်းကနေ လေထီးခုန်တာကို စောင့်ကြည့်နေကြချိန်မှာပဲ လေယာဉ်ပျက်ကျသွားတာကို မျက်မြင်တွေ့လိုက်ကြရတာပါ။

.

နန်စီမြို့တော်ဝန် မက်သရူးကတော့ “မိသားစုဝင်တွေဟာ သူတို့မျက်စိရှေ့မှာတင်ပဲ သူတို့ချစ်ခင်သူတွေကို ဆုံးရှုံးလိုက်ရတာမို့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြီးကြီးမားမား ရသွားကြပါတယ်” လို့ဆိုပါတယ်။

.

လေယာဉ်က လေယာဉ်ကွင်းအနီးတဝိုက်ကို ပျက်ကျလာခဲ့တာဖြစ်ပြီး လူနေအိမ်တွေနဲ့ ဈေးဝယ်စင်တာ အနီးကို ကျရောက်ခဲ့ပေမဲ့ အိမ်တွေကို ထိမိခြင်းမရှိခဲ့လို မြေပြင်က လူတွေ သေဆုံးဒဏ်ရာရမှု မရှိခဲ့ပဲ ကံကောင်းသွားခဲ့တာပါ။

.

“လေယာဉ်က မီတာနည်းနည်းလေးသာ လွဲပြီး ကျလာခဲ့မယ်ဆိုရင် ထပ်ဆောင်းသေဆုံးမှုတွေ ဖြစ်လာမှာ သေချာတယ်” လို့ ဒေသအုပ်ချုပ်ရေးမှူး ဆီဂေးက ဆိုပါတယ်။

.

သေဆုံးသူတွေထဲက တစ်ဝက်ဟာ သူနာပြုတွေဖြစ်ကြပြီး လက်ရှိအပူလှိုင်းကြောင့် ခက်ခဲတဲ့ကာလကို ဖြတ်သန်းနေရတာမို့ စိတ်ပြေလက်ပျောက် အပျော်တမ်း လေထီးခုန်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တယ်လို့ ဒေသဆိုင်ရာ သူနာပြုအဖွဲ့ဥက္ကဋ္ဌ သီယာရီ က ဆိုပါတယ်။

.

ဒီလေယာဉ်ပျက်ကျမှုက စစ်လေယာဉ်နဲ့ စီးပွားရေးလေယာဉ်တွေ မပါဝင်ဘဲ ပြင်သစ်သမိုင်းမှာ အဆိုးရွားဆုံး ပုဂ္ဂလိကလေယာဉ်ပျက်ကျမှုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages