ထရမ့်နဲ့ အဆင်ပြေရင် သမ္မတ ဖြစ်နိုင်တာလား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

ထရမ့်နဲ့ အဆင်ပြေရင် သမ္မတ ဖြစ်နိုင်တာလား


၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.
တောင်အမေရိကမှာ သမ္မတတစ်ယောက် ဖြစ်လာဖို့ဆိုရင် နိုင်ငံရေးမှာ တော်နေဖို့ မလိုပါဘူး၊ လူကြိုက် များဖို့လည်း မလိုသလို၊ ဘယ်လို ကတိတွေပေးတယ် ဆိုတာက အစ အရေး မကြီးပါဘူး။ လိုနေတာက တစ်ခုတည်းပါ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စိတ်ကြိုက်ဖြစ်အောင် နေနိုင်ဖို့ပါပဲ။ ဒါဆိုရင် သမ္မတ ဖြစ်လာနိုင်ဖို့က ၉၀ ရာခိုင်နှုန်းပါ။
.
မနေ့က ကျင်းပခဲ့တဲ့ ကိုလံဘီယာ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့လူ အက်စ်ပီရယ်လာ တစ်ယောက် အနိုင် ရသွားပြီးတဲ့နောက် ဒီလောဂျစ်က ပိုမို ခိုင်မာလာခဲ့ပါတယ်။ ၂၀၂၅ ချီလီ ရွေးကောက်ပွဲမှာ ထရမ့်နဲ့ တည့်တဲ့ အန်တိုနီယို ကက်စ် နိုင်သွားတာ။ အီကွေဒေါ ရွေးကောက်ပွဲမှာ နိုဘိုအာ နိုင်သွားတာတွေနဲ့ ပြီးခဲ့တဲ့ အာဂျင်တီးနား ရွေးကောက်ပွဲမှာ ထရမ့်ကို ဘုရားလို ကိုးကွယ်တဲ့ ဂျာဗီယာ မီလိုင် သမ္မတ ဖြစ်သွားတာတွေကိုပါ ထည့်တွက်လိုက်ရင် တောင်အမေရိကမှာတော့ ထရမ့်နဲ့ တည့်အောင်နေဖို့က အရာ အားလုံးထက် အရေးကြီးတယ် ဆိုတာကို လက်ခံလာကြရတာပါ။
.
ဟော အခုလည်း အက်စ်ပီရယ်လာ လာပြန်ပါပြီ။ ထရမ့်ရဲ့ အပြည့်အဝ ထောက်ခံမှုကို ရထားတဲ့ လက်ယာယိမ်း ကိုယ်စားလှယ်လောင်း အက်စ်ပီရယ်လာ ကိုလံဘီယာ ရွေးကောက်ပွဲမှာ နိုင်သွားတဲ့အကြောင်း အစောပိုင်း မဲရေတွက်မှုတွေအရ ဖော်ပြနေကြတာပါ။ ဒီရလာဒ်က ကိုလံဘီယာနိုင်ငံရဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ၊ မူးယစ်ဆေးကုန်ကူးမှုနဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်မယ့် အစိုးရရဲ့ မူဝါဒကို အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်လာစေမှာပါ။
.
အက်စ်ပီရယ်လာက သူ့ရဲ့ မဲဆွယ်ပွဲ ကတိတွေမှာ လက်နက်ကိုင်တွေ၊ မူးယစ်ဆေးအဖွဲ့တွေကို စစ်တပ် အင်အားသုံး နှိမ်နှင်းမယ်ဆိုတဲ့ မူဝါဒနဲ့ လာတဲ့သူပါ။ လက်ရှိသမ္မတ ပက်ထရိုရဲ့မဟာမိတ်ဖြစ်တဲ့ ဆီပီဒါ ရဲ့ မဲဆွယ် ကတိတွေကို ပြည်သူတွေ သဘောမကျ ဖြစ်နေချိန်မှာ အက်စ်ပီရယ်လာက အခွင့်အရေး တစ်ခု ရသွားခဲ့တာပါပဲ။
.
ရလာဒ် ထွက်လာပြီးတဲ့နောက် အက်စ်ပီရယ်လာ က ဒီနေ့က ကျွန်တော်တို့ နိုင်ငံရဲ့ ခေတ်သစ် တစ်ခု အစပါ။ လုံခြုံပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကိုလံဘီယာနိုင်ငံကို မျှော်လင့်ခဲ့ကြသူတွေအတွက် ခေတ်သစ်တစ်ခု စတင်ပါပြီ”လို့ ပြောဆိုလိုက်ပါတယ်။

.

မဲရေတွက်မှု ၉၉ ရာခိုင်နှုန်းကျော် ပြီးစီးချိန်မှာတော့ အက်စ်ပီရယ်လာ က မဲအရေအတွက် ၄၉ ဒသမ ၇ ရာခိုင်နှုန်း နီးပါး ရရှိထားပြီး ဆီပီဒါ က ၄၈ ဒသမ ၇ ရာခိုင်နှုန်း ရထားတာပါ။ ဆီပီဒါကတော့ အရှုံးကို လက်မခံသေးဘဲ အစောပိုင်း မဲရေတွက်မှုတွေက တရားဝင် မဟုတ်သေးဘူးလို့ ပြောဆိုထားတာပါ။ ဆီပီဒါ မသိတာကတော့ ထရမ့်ရဲ့ လူတစ်ယောက် နိုင်ပြီလို့ သတင်းထွက်လိုက်တာနဲ့ တရားဝင် ဟုတ်တာတွေ မဟုတ်တာတွေက အရေးမကြီးတော့ဘူး ဆိုတာကိုပါပဲ။
.
ကာရေဘီယံ ကမ်းရိုးတန်းဒေသမှာ ကြီးပြင်းလာခဲ့တဲ့ အက်စ်ပီရယ်လာ က အဲဒီဒေသကနေ ထောက်ခံမှု အများအပြား ရခဲ့တာ ဖြစ်ပြီး သူ သမ္မတ ဖြစ်သွားတဲ့အချိန်မှာ ကမ်းရိုးတန်းမြို့ ဖြစ်တဲ့ ဘာရန်ကီလာမှာ အကြီးအကျယ် အောင်ပွဲခံခဲ့ကြတာပါ။ အက်စ်ပီရယ်လာ ရဲ့ ထုံးစံဖြစ်တဲ့ ကိုလံဘီယာ‌ ဘောလုံးအသင်း ဂျာစီတွေကို ဝတ်ဆင်ခဲ့ကြသလို နိုင်ငံအလံတွေကို ဝှေ့ယမ်းပြီး ပျော်နေကြသူတွေလည်း အများကြီးပါ။
တချို့ကတော့ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ ဝတ်လေ့ရှိတဲ့ ဦးထုပ်မျိုးတွေကို ဝတ်ထားကြပြီး ထရမ့်ရဲ့ စာသားဖြစ်တဲ့ “Make Colombia Great Again” လို့တောင် ရေးသားထားကြသူတွေလည်း ရှိပါတယ်။
.
ဒေါ်နယ်ထရမ့် ကိုယ်တိုင်လည်း ဆိုရှယ်မီဒီယာမှာ “အက်စ်ပီရယ်လာ တစ်ယောက် အကြီးအကျယ် အနိုင်ရခဲ့တယ်” လို့ ရေးသားပြီး ချီးကျူးထားတာပါ။
.
ကိုလံဘီယာ နိုင်ငံထဲမှာ သူ့ကိုယ်သူ “ကျား” ဆိုတဲ့ နာမည်ပေးထားတဲ့ ကိုကျားကြီး တဖြစ်လည်း အက်စ်ပီရယ်လာ က နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့ ရှေ့နေနဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးပါ။ ကိုကျားကြီးရဲ့ ရှေ့နေဘဝ အကြီးဆုံး ဖောက်သည်တွေထဲမှာ မာဒူရိုရဲ့ မဟာမိတ်ဖြစ်တဲ့ အဲလက်စ် ဆပ်ဘ် နဲ့ ကိုလံဘီယာရဲ့ အကြီးဆုံး လိမ်လည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ မာဆီယာ ဂက်ဇ်မန်း တို့ ပါဝင်ခဲ့ဖူးတာပါ။ ကိုကျားကြီးကတော့ ရှေ့နေ တစ်ဦးရဲ့ အလုပ်တာဝန်သာ ဖြစ်တဲ့ အကြောင်းနဲ့ ဒါဟာ ရှောင်လွှဲမရတဲ့ အမှုသည်တွေ ဖြစ်တဲ့အကြောင်း ရှင်းထားဖူးပါတယ်။ ဒါ့အပြင် သူ့ရဲ့ မုတ်ဆိတ်ပုံစံကြောင့် အယ်လ်ဆာဗေးဒိုး သမ္မတ ဘူကီလီ နဲ့ နှိုင်းယှဉ်ခံရသူ ဆိုရင်လည်း မမှားပါဘူး။
.
ကိုလံဘီယာ နိုင်ငံထဲမှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ မူးယစ်ဂိုဏ်းတွေရဲ့ ပမာဏက ၂ ဆ တိုးလာတဲ့အချိန်၊ အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့အချိန်မှာ သမ္မတ ပက်ထရိုက “Total Peace” ဆိုတဲ့ မူဝါဒကို ဦးစားပေးခဲ့ပြီး လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းဖို့ကိုသာ ရွေးချယ်ခဲ့တာပါ။ ဒါကြောင့်ပဲ သူ့ရဲ့လူ ဖြစ်တဲ့ ဆီပီဒါ ပါ ရွေးကောက်ပွဲ ရှုံးသွားခဲ့ရတာ ဖြစ်ပြီး ပြည်သူတွေက ညှိနှိုင်းမှုတွေ လုပ်ဖို့ထက် ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ကိုသာ အလို ရှိနေကြတာပါ။
.



ဒီနေရာမှာ ထရမ့်က အက်စ်ပီရယ်လာ ကို ဘာကြောင့် ထောက်ခံခဲ့လဲ ဆိုတာ မေးခွန်း ထုတ်စရာတွေ ရှိလာခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အက်စ်ပီရယ်လာ က အမေရိကန်နိုင်ငံသား တစ်ယောက် ဖြစ်နေလို့ ထရမ့်က သဘောကျတာပါ။ သူက မိုင်ယာမီမှာ နှစ်ပေါင်းများစွာ နေထိုင် အလုပ် လုပ်ကိုင်ခဲ့ပြီးတဲ့နောက် ၂၀၂၃ မှာ အမေရိကန် နိုင်ငံသား ဖြစ်လာခဲ့တာပါ။ ထရမ့်က အက်စ်ပီရယ်လာ ကို အပြည့်အဝ ထောက်ခံခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အမေရိကန်ရဲ့ အပြည့်အဝ ထောက်ခံမှုကို ရမယ်ဆိုတဲ့အကြောင်း ကြိုတင် အသိပေးခဲ့တာပါ။ အက်စ်ပီရယ်လာ ကိုသာ သမ္မတ မခန့်ရင်၊ အမေရိကန်ရဲ့ အထောက်အပံ့ကို မရရင် ကိုလံဘီယာ နိုင်ငံတွင်း အခြေအနေတွေက ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ပြည်သူတွေ ခံစားလာကြရပြီးတဲ့နောက် ထရမ့်ရဲ့ အားကိုးနဲ့ အက်စ်ပီရယ်လာ တစ်ယောက် သမ္မတ ဖြစ်လာခဲ့တာပါပဲ။
.
လက်ရှိ အချိန်မှာလည်း အက်စ်ပီရယ်လာရဲ့ အစီအစဉ်တွေက အမေရိကန်ကို အများကြီး မှီခိုလာမှာပါ။ အမေရိကန်ရဲ့ အကူအညီနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေ၊ လက်နက်ကိုင် အဖွဲ့တွေကို နှိမ်နှင်းမှာ ဖြစ်ပြီး အမေရိကန် ကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေကိုပါ သူက လျော့ပေးဦးမှာပါ။
.
ဒါ့အပြင် အက်စ်ပီရယ်လာ အနိုင်ရမှုက လက်တင်အမေရိက ဒေသထဲမှာ ထရမ့်လို လက်ယာယိမ်း နိုင်ငံရေးသမားတွေ ပြန်လည် အားကောင်းလာတယ် ဆိုတာကို ပြသနေတယ်လို့လည်း ပြောနိုင်ပါသေးတယ်။
လက်ဝဲယိမ်း၊ လက်ယာယိမ်းတွေကို နားလည်အောင် ပြောပြရရင် လက်ဝဲယိမ်း ပါတီတွေက ချမ်းသာသူတွေကို အခွန် ပိုကောက်မယ်၊ အဲဒီ ငွေတွေကို ဆင်းရဲသားတွေဆီ ထောက်ပံ့မယ်၊ အခမဲ့ ဆေးကုသမှုတွေ ပညာရေးတွေ ပေးမယ်။ အဲဒီလို လူတွေပါ။

.
လက်ယာယိမ်းတွေကတော့ အခွန် လျော့မယ်၊ စီးပွားရေး လုပ်ငန်းတွေကို ပို လွယ်ကူအောင် လုပ်ပေးမယ်၊ လူ တစ်ယောက်ချင်းစီရဲ့တာဝန်ယူမှုနဲ့ ကြိုးစားမှုကို ပို အလေးထားတယ်ဆိုတဲ့ လူတွေ လို့ ပြောလို့ရပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ အာဂျင်တီးနား၊ အီကွေဒေါ၊ ပါရာဂွေး သမ္မတတွေက လက်ယာယိမ်းသမားတွေ ဖြစ်ခဲ့ကြပြီး အားလုံးက ထရမ့်ရဲ့ ထောက်ခံမှုကို ရခဲ့ကြသူတွေပါ။ အခုလည်း လက်ယာယိမ်းသမား တစ်ယောက် ဖြစ်တဲ့ အက်စ်ပီရယ်လာ သမ္မတ ထပ်ဖြစ်လာပြန်ပြီမို့ တောင်အမေရိကမှာ ထရမ့်တပည့် တစ်ယောက် ထပ် တိုးလာပြီလို့ ပြောရတော့မလိုပါဘဲ။

.

[ BBC : Ione Wells ၏ Trump-backed political outsider wins Colombia election, initial count shows ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါသည်။ ]

.

#KBZTai #Shan #Colombia #International

No comments:

Post a Comment

Pages