တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာလမ်းအား ကိုယ်ထူကိုယ်ထ ကွန်ကရစ်ခင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာလမ်းအား ကိုယ်ထူကိုယ်ထ ကွန်ကရစ်ခင်း

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာရှိ လမ်းပိုင်းအား ဒေသခံ ပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေလွယ်ကူစေရန်အတွက် ကိုယ်ထူကိုယ်ထ ကွန်ကရစ် ခင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

တာချီလိတ်–မိုင်းဆတ်လမ်းမကြီးပေါ်ရှိ လွယ်တော်ခမ်းလမ်းအား အရှည်ပေ ၅၀၀၊ အကျယ် ၁၈ ပေ၊ အထူ ၈ လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနေခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ယနေ့ဇွန်လ ၂၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် မတည်အလှူငွေများကို ဒေသခံအလှူရှင်များ ဖြစ်ကြသည့် ဦးအားချိုင်း၊ ဦးအားကြွေ၊ ဦးအားမဲနှင့် ဦးစိုင်းဆိုင်ကွမ်းတို့က စုပေါင်းလှူဒါန်းပေးခဲ့ကြပြီး ဇွန်လ ၁၉ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

လမ်းပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးပါက ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များအတွက် သွားလာရေး ပိုမိုအဆင်ပြေစေမည်ဖြစ်သည့်အပြင် မိုးရာသီကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ကျောင်းဆင်းရာတွင်လည်း လုံခြုံချောမွေ့စွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages