ဥရုဂွေးကို သရေကစားပြီး သမိုင်းတွင်သွားခဲ့တဲ့ ကိပ်ဗာဒီအသင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

ဥရုဂွေးကို သရေကစားပြီး သမိုင်းတွင်သွားခဲ့တဲ့ ကိပ်ဗာဒီအသင်း

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဥရုဂွေးအသင်းကို သရေကစားပြီးတဲ့နောက် အုပ်စုပွဲစဉ် ၂ ပွဲကို ၂ ပွဲလုံး မရှုံးတဲ့ မှတ်တမ်းနဲ့အတူ ကိပ်ဗာဒီ တို့ သမိုင်းတွင်သွားခဲ့ပါပြီ။ ဒါက နိုင်ငံသမိုင်းတစ်လျောက် ပထမဆုံး မှတ်တမ်းပဲဖြစ်ပြီး စပိန်၊ ဥရုဂွေးလိုအသင်းတွေဆီကနေ အမှတ်ယူနိုင်ခဲ့တာက အံ့အားသင့်စရာတစ်ခုပါ။

.

.

ဒီနှစ်မှာမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ကိပ်ဗာဒီက ကမ္ဘာ့ဖလား ဝင်ရောက်ဖူးတဲ့ နိုင်ငံတွေထဲမှာ လူဦးရေအနည်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်ရှိနေပြီး နိုင်ငံလူဦးရေက ၅ သိန်း ကျော်ပဲရှိတာပါ။

.

စပိန်နဲ့ပွဲမှာ ခံစစ်အစွမ်းပြပြီး ဂိုးသမား ဗိုဇင်ဟာ ရဲ့ လက်စွမ်းနဲ့အတူ အမှတ်ယူသွားခဲ့တဲ့ ကိပ်ဗာဒီ က ဥရုဂွေးနဲ့ ပွဲမှာတော့ တိုက်စစ်အစွမ်းပြပြီး အမှတ်ယူခဲ့ပြန်တာပါ။ ဒါပေမဲ့လည်း ဂိုးသမား ဗိုဇင်ဟာ က လုံးဝကို အရေးပါတဲ့နေရာမှာ ရှိနေခဲ့ပြီး ပွဲချိန်အတွင်း သူ့ရဲ့ကာကွယ်မှုတွေက မထင်မှတ်ထားလောက်အောင် ကောင်းလွန်းခဲ့ တာပါ။

.

ဒါ့အပြင် စပိန်နဲ့ပွဲမှာ တစ်ပွဲလုံးမှာမှ ပြစ်ဒဏ်ဘော တစ်ကြိမ်သာ ကျူးလွန်ခဲ့တာမို့ ၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလားမှတ်တမ်းတွေအရ ပြစ်ဒဏ်ဘောအနည်းဆုံး စံချိန်တစ်ခုကိုလည်း ရသွားခဲ့ပါသေးတယ်။

.

ပြောင်းရွှေ့ကြေး ပေါင် ၅၀၀၀၀ ဝန်းကျင်လောက်ပဲရှိတဲ့ အသက် ၄၀ အရွယ် ဂိုးသမားက ၂၀၂၆ ကမ္ဘာ့ဖလားမှာ မှော်ထနေပြီး စပိန်တိုက်စစ်နဲ့ ဥရုဂွေးတိုက်စစ်ကို ဘာမှလုပ်မရပဲ ဖြစ်သွားစေခဲ့သူပါ။

.

လက်ရှိအချိန်မှာတော့ ကိပ်ဗာဒီက နောက်တစ်ဆင့်တက်ဖို့ကိုတောင် မျှော်လင့်လို့ရတဲ့ အနေအထား ဖြစ်သွားပြီး လာမယ့် ဆော်ဒီနဲ့ပွဲမှာသာ နိုင်သွားခဲ့မယ်ဆိုရင် ၃၂ သင်းအဆင့်ကို တက်ရောက်သွားနိုင်ဖို့ မျှော်လင့်ချက် ရှိသွားခဲ့ပြီဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages