ဘရာဇီးကို ဘယ်လိုနည်းစနစ်နဲ့ ကစားရင် ဂျပန် နိုင်နိုင်လဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 29, 2026

ဘရာဇီးကို ဘယ်လိုနည်းစနစ်နဲ့ ကစားရင် ဂျပန် နိုင်နိုင်လဲ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်

.

ဘရာဇီးနဲ့ ဂျပန်တို့က ဒီနေ့ည ၁၁-၃၀ မှာ ကစားကြရမှာဖြစ်ပြီး ရှုံးထွက်အဆင့်ရဲ့ အကောင်းဆုံး ပွဲတွေထဲက တစ်ပွဲဖြစ်လာဖို့ ပရိသတ်တွေက မျှော်လင့်နေကြတာပါ။ အထူးသဖြင့် အုပ်စုအဆင့်မှာ အကောင်းဆုံး တိုက်စစ်စွမ်းဆောင်ရည်ကို ပြနေတဲ့ ဘရာဇီးကို ၃၂ သင်းအဆင့်ဆီ ရောက်လာတဲ့ တစ်သင်းတည်းသော အာရှအသင်းဖြစ်တဲ့ ဂျပန်က ဘယ်လိုတုံ့ပြန်သွားမလဲ ဆိုတာက ပရိသတ်တွေ သိချင်နေကြတဲ့ အကြောင်း အရာပါ။

.

.

ဒီတော့ ဘရာဇီးကို ဂျပန် နိုင်နိုင်လား၊ နိုင်မယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ အနိုင်ယူနိုင်လဲဆိုတာ သုံးသပ်ချက်လေး လုပ်ပေးထားပါတယ်။

.

ဘရာဇီးလိုအသင်းမျိုးကို ဂျပန်နိုင်ဖို့ဆိုရင် ပြီးခဲ့တဲ့ ပွဲတွေတုန်းကနဲ့ မတူတဲ့ တစ်ပွဲထိုး Game Plan ရှိနေဖို့လိုအပ်ပါတယ်။ ဒါမှပဲ ဘရာဇီးဖက်က ဂျပန်ဘယ်လိုကစားမလဲဆိုတာ ခန့်မှန်းမရဖြစ်မှာပါ။

.

ဘရာဇီးရဲ့အဓိက တိုက်စစ်လမ်းကြောင်းကို ထိန်းရပါမယ်။ ဒီနှစ် ဘရာဇီးအသင်းမှာ ထိန်းထားရမယ့် ကစားသမားဆိုလို့ တစ်ယောက်ပဲရှိပါတယ်။ ဗီနီးရှပ်စ်ပါ။ သူက ပွဲတိုင်းခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး ကျန်တဲ့ ကစားသမားတွေကို ဂိုးသွင်းနိုင်ဖို့ကလည်း သူ့ရဲ့ရုန်းအားတွေပေါ်မှာ မူတည်နေတာပါ။ ဒီတော့ ဗီနီးရှပ်စ်ကို တစ်ပွဲလုံးအလွတ်မပေးဘဲ ထိန်းထားဖို့ ဂျပန် စီမံရမှာပါ။

.

ဘရာဇီးကဘောလုံးပိုင်ဆိုင်မှုနဲ့ ဖန်တီးမှု အရမ်းကောင်းတဲ့ အသင်းပါ။ ဒီတော့ ဂျပန်က ခံစစ်နဲ့ ကွင်းလယ်ကို သေချာတည်ဆောက်ရမှာဖြစ်ပြီး ဘရာဇီးရဲ့ ဘောလုံးလမ်းကြောင်းတွေကို ကွင်းလယ်မှာတင် တားဆီးနိုင်ဖို့ ကြိုးစားရမှာပါ။ အထူးသဖြင့် နေမာ၊ ကွန်ညာ တို့ရဲ့ No.10 ဇုန်ကို ပိတ်ကစားနိုင်မယ်ဆိုရင် ဘရာဇီးရဲ့ တိုက်စစ်လမ်းကြောင်းတွေက‌ နှေးသွားမှာ သေချာပါတယ်။

.

ဒီပွဲမှာ ဂျပန်လုပ်နိုင်တာဆိုလို့ တန်ပြန်တိုက်စစ်ကို အကောင်းဆုံးအသုံးချဖို့ ဆိုတာပဲရှိတာပါ။ ဘရာဇီးက Fullbacks ကစားသမားတွေ အရှေ့တက်လွန်းတဲ့ အသင်းဖြစ်လို့ သူတို့တက်လာချိန်မှာ တောင်ပံတွေကနေ တန်ပြန်တိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ပါ။ ဒီနေရာမှာ ဂျပန်ဘယ်လောက် မြန်မြန်ဆော့နိုင်မလဲ ဆိုတာက အရေးကြီးပြီး ဂျပန်သာ တန်ပြန်တိုက်စစ်တိုင်းကို အကောင်းဆုံးပုံဖော်နိုင်ရင် ဘရာဇီးအသင်း ဖိအားဝင်သွားမှာပါ။

.

ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘောတွေကို မကြာခဏ ရအောင်ယူနိုင်ရင်၊ ဘရာဇီးရဲ့ ကစားတဲ့အရှိန်ကို လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် Set Pieces တွေကနေပြီး ဂိုးရဖို့လည်း မျှော်လင့်နိုင်ပါလိမ့်မယ်။

.

ဂျပန်အနေနဲ့ ဘရာဇီးလိုအသင်းမျိုးကို ပွဲအစကတည်းက တစ်ချိန်လုံး ဖိအားပေးဖို့ ကြိုးစားပြီး Full Press သွားလုပ်နေရင် စောစောစီးစီး အမောဆို့ပြီး ဘရာဇီးစိတ်ကြိုက် ဖြစ်သွားမှာပါ။ ဒီတော့ လိုအပ်တဲ့အချိန်မှာပဲ ဖိအားပေး ကစားဖို့နဲ့ ကွင်းလယ်မှာပဲ အားထည့်ကစားဖို့ ဂျပန်တို့ ကြိုးစားရမှာပါ။

.

နောက်ဆုံးတစ်ခုကတော့ ဂိုးကန်သွင်းခွင့်ရတိုင်း ဂိုးအဖြစ် သေချာပေါက် ပြောင်းနိုင်ဖို့ လိုတာပါ။ ဒီပွဲမှာ ဂျပန်အနေနဲ့ ဂိုးကန်သွင်းခွင့် အများကြီးရမှာ မဟုတ်တာမို့ ရတဲ့အကြိမ်တိုင်းကို ဂိုးအဖြစ် ပြောင်းနိုင်မယ် ဆိုရင် ဂျပန်တွေလည်း နိုင်နိုင်ချေ ရှိပါတယ်။

.

ခံစစ်မှာ အမှားမဖြစ်အောင်၊ မလိုအပ်ပဲ ဂိုးသမားမမှားအောင် ထိန်းထားနိုင်ဖို့ လိုပြီး အခွင့်အရေးရတာနဲ့ ဂိုးအဖြစ် ပြောင်းနိုင်မယ်ဆိုရင် ဒီပွဲမှာ အာရှသားတွေအတွက် အခွင့်အရေး ရှိနေတယ်ဆိုတာ အသေအချာ ပါပဲ။

.

No comments:

Post a Comment

Pages