.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်
.
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုးရေးနှင့်
မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းက
ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ်မှ ဖြေဆိုအောင်မြင်သူ ၆၆ ဒသမ ၁၇ ရာခိုင်နှုန်း ရှိပြီး
မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံး ရရှိခဲ့သည်ဟု သိရသည်။
.
.ရှမ်းပြည်နယ်အတွင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်
ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ ၄၀၅ ဦး ရှိသည့်အနက် ၂၀၆ ဦး အောင်မြင်ခဲ့ခြင်းဖြစ်သည်။
.
မွန်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့်
ဒုတိယအများဆုံး အောင်မြင်ခဲ့ပြီး မကွေးတိုင်းဒေသကြီးက အောင်ချက် ရာခိုင်နှုန်း ၅၃ ဒသမ
၃၃ ဖြင့် တတိယအများဆုံး အောင်မြင်ခဲ့သည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှု၊ စိုက်ပျိုးရေး၊
မွေးမြူရေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ ၃၃၆၄
ဦး ရှိသည့်အနက် ၁၆၇၂ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၄၉ ဒသမ ၇၀ ရာခိုင်နှုန်း
ရှိကြောင်း သိရသည်။
.

No comments:
Post a Comment