အောင်ပန်းတွင် လက်ကိုင်ဖုန်းများ ခိုးယူလာသူ အမျိုးသမီးတစ်ဦးကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 28, 2026

အောင်ပန်းတွင် လက်ကိုင်ဖုန်းများ ခိုးယူလာသူ အမျိုးသမီးတစ်ဦးကို ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇွန်လ ၂၆ ရက်၊ ညနေပိုင်းက လက်ကိုင်ဖုန်း များ ခိုးယူလာသူ အမျိုးသမီးတစ်ဦးးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၆ ရက်၊ ညနေ ၆ နာရီခန့်က အောင်ပန်းမြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အောင်ပန်းမြို့၊ ညောင်ပင် ထောင် ရပ်ကွက်၊ နယ်မြေ (၅)၊ ပြည်သာယာဈေး လမ်းမပေါ်တွင် မသင်္ကာဖွယ် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအား ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ Techno Pova အမျိုးအစား နက်ပြာရောင် ဖုန်း ၁ လုံး၊ Redmi 9A အမျိုးအစား အနက်ရောင်ဖုန်း ၁ လုံး၊ Redmi 10 အမျိုးအစား၊ ခဲရောင်ဖုန်း ၁ လုံးနှင့် Redmi 6A အမျိုးအစား အစိမ်းနုရောင်ဖုန်း ၁ လုံး၊ စုစုပေါင်း လက်ကိုင်ဖုန်း ၄ လုံးအား တွေ့ရှိရပြီး စစ်မေးရာ ဖုန်းများနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသည့်အပြင် အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်များအတွင်းမှ ခိုးယူလာ သည်ဟု မသင်္ကာဖွယ်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမျိုးသမီးအား အောင်ပန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ / ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages