ဗြိတိန်ဝန်ကြီးချုပ် နုတ်ထွက်လိမ့်မယ်လို့ ထရမ့်မှတ်ချက်ပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

ဗြိတိန်ဝန်ကြီးချုပ် နုတ်ထွက်လိမ့်မယ်လို့ ထရမ့်မှတ်ချက်ပေး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ နိုင်ငံရဲ့အနာဂတ်အပေါ် မှတ်ချက်ပေးလိုက်ပြီး စတာမာ အနေနဲ့ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်သွားမှာ ဖြစ်တဲ့အကြောင်း ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားလိုက်ပါတယ်။

.

.

စတာမာ အနေနဲ့ ဇွန်လ ၂၂ ရက်၊ ဒီနေ့မှာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ဖို့အတွက် ကြေညာနိုင်ကြောင်း ဝေဖန်မှုတွေကလည်း ထွက်ပေါ်နေတာမို့ ထရမ့်ရဲ့မှတ်ချက်က ဖိအားတစ်ခုအနေနဲ့ ထပ်တိုးပြီး ရောက်လာ ခဲ့တာပါ။

.

တနင်္ဂနွေနေ့ညပိုင်းမှာ ရေးသားခဲ့တဲ့ ထရမ့်ရဲ့ မှတ်ချက်က အတည်ပြုထားတဲ့ သတင်းအပေါ် အခြေခံတာမျိုး၊ ဒါမှမဟုတ် သူ့ပုံစံအတိုင်း ဝင်ပြီး အာချောင်တာမျိုး ဟုတ်/မဟုတ် ကိုတော့ ဘယ်သူမှ မသိကြသေးပါဘူး။

.

ဗြိတိန်သတင်းဌာနတွေရဲ့ဖော်ပြမှုမှာတော့ ထရမ့်နဲ့ စတာမာ တို့ဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 တွေ့ဆုံပွဲမှု တွေ့ခဲ့ပြီးတဲ့နောက် တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုတွေ မရှိသေးဘူးလို့ သိရတာပါ။

.

ထရမ့်က ဗြိတိန်ရဲ့လေဘာပါတီခေါင်းဆောင် စတာမာ ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သူ့ရဲ့နိုင်ငံရေး ကျဆုံးမှုက ထိရောက်မှုမရှိတဲ့ မူဝါဒတွေကြောင့်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။

.

သူက အရေးကြီးတဲ့ကိစ္စနှစ်ခုမှာ အကြီးအကျယ်ကျရှုံးခဲ့တယ်။ အဲဒါတွေက ရွှေ့ပြောင်းအခြေချမှုနဲ့ စွမ်းအင် လုပ်ငန်းတွေမှာပါပဲ။ မြောက်ပင်လယ်က ရေနံလုပ်ငန်းတွေကို ပြန်ဖွင့်ပါ” လို့ ထရမ့်က ရေးသားခဲ့တာပါ။

.

ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဗြိတိန်အစိုးရအနေနဲ့ မြောက်ပင်လယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လိုင်စင်အသစ် ထုတ်ပေးမှုတွေကို ရပ်တန့်ထားခြင်းအပေါ် ဝေဖန်ခဲ့ဖူးပြီး ဗြိတိန်ရဲ့ လေအားလျှပ်စစ် စီမံကိန်းတွေကိုလည်း သဘောမကျ ဖြစ်ခဲ့တာပါ။

.

ထရမ့်နဲ့စတာမာ ဟာ တချိန်တုန်းကတော့ ဆက်ဆံရေးအရမ်းကောင်းသူတွေ ဖြစ်ခဲ့ကြပီး စတာမာ ကို ထရမ့်ရဲ့ ကိုယ်စားလှယ်လို့တောင် နာမည်ပြောင်ပေးခဲ့ကြဖူးတာပါ။ ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် နှစ်ဦးကြား တင်းမာမှုတွေ စတင်ခဲ့ပြီး ထရမ့်ရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကို စတာမာ တစ်ယောက် ခံနေခဲ့ရတာပါ။

.

စတာမာ ကတော့ လက်ရှိထွက်နေတဲ့ သတင်းတွေအပေါ် မှတ်ချက်ပေးဖို့ မရှိတဲ့အကြောင်းနဲ့ နိုင်ငံအတွက် အလုပ်လုပ်ပေးဖို့ကိုပဲ အာရုံစိုက်နေတဲ့အကြောင်း တုံ့ပြန်ထားပါတယ်။

.

ဗြိတိန်မီဒီယာအများစုကတော့ စတာမာ ဟာ ဒီနေ့ညနေပိုင်းမှာပဲ ရာထူးကနေ နုတ်ထွက်သွားဖို့ ရှိတဲ့ အကြောင်း ရေးသားနေကြပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မန်ချက်စတာမြို့တော်ဝန်ဟောင်း အန်ဒီ ဘန်နန်က ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ ရှိနေတဲ့အကြောင်း ဖော်ပြနေကြပါတယ်။

.

Source – CNN

.

No comments:

Post a Comment

Pages