ဒီနေ့ မနက် ၆ နာရီမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု K နောက်ဆုံး ပွဲစဉ်တွေမှာတော့ ကိုလံဘီယာက ပေါ်တူဂီနဲ့ ဂိုး မရှိ သရေကျခဲ့ပြီး အုပ်စု ပထမနေရာကနေ နောက်တစ်ဆင့် တက်သွားနိုင်ခဲ့ပါတယ်။
.
လူးဝစ်ဒီယာ့ဇ်၊ ကော်ဒိုဘာ၊ ရိုဒရီဂွက်ဇ်၊ လာမာ တို့နဲ့ ကိုလံဘီယာက
လူစုံခဲ့သလို ပေါ်တူဂီဖက်မှာလည်း ရော်နယ်ဒို၊ ဂျာအိုဖိလစ် အတွဲကို ပွဲထုတ်ခဲ့ပြီး
လူစုံ ထုတ်ခဲ့တာပါ။
.
ရူဘင် နီဗက်ဇ်၊ ဗီတင်ဟာ၊ ဘရူနို တို့ရဲ့ကွင်းလယ်က ကိုလံဘီယာကို
လွှမ်းမိုးနိုင်ခဲ့တယ် ဆိုပေမယ့်လည်း တန်ပြန်တိုက်စစ် ကစားပုံမှာတော့ ကိုလံဘီယာကို
ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။
ပေါ်တူဂီတို့ ဘောလုံး ရတာနဲ့ ကိုလံဘီယာက ကွင်း တစ်ဝက်လောက်အထိ
တစ်သင်းလုံး ဆင်း ကာခဲ့ပြီး ဘောလုံး ပျက်တာနဲ့ တန်ပြန်တိုက်စစ်ဆင် ကစားခဲ့လို့
ပေါ်တူဂီ ကစားရကြပ်ခဲ့တာပါ။
.
ရော်နယ်ဒိုက ပထမပိုင်းတစ်ပိုင်းလုံးမှာ ဂိုးကန်သွင်းခွင့် ၂
ကြိမ်လောက်ပဲ ရခဲ့ပြီး ဒုတိယပိုင်းမှာလည်း လူပို ကြီးလို ကစားနေခဲ့တာပါ။
ပထမပိုင်းမှာ ပေါ်တူဂီထက် ကိုလံဘီယာကတောင် ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပြီး
ကော်ဒိုဘာ၊ ဒီယာ့ဇ်တို့ အခွင့်အရေးတွေ ရခဲ့ကြပါတယ်။
.
ပွဲချိန် ဒုတိယပိုင်းမှာတော့ ပေါ်တူဂီက အပြောင်းအလဲတွေ လုပ်ခဲ့ပြီး
ရူဘင်နီဗက်ဇ်ရဲ့နေရာမှာ တိုက်စစ်ကစားပုံ ပိုကောင်းတဲ့ ဂျာအိုနီဗက်ဇ်ကို
ထည့်ခဲ့ပြီး ကန်ဆယ်လို နေရာမှာ ဒါလော့ ကိုထည့်ခဲ့လို့ တိုက်စစ်က ပိုပြီးတော့
သွက်လာခဲ့ပါတယ်။
.
ဒါပေမယ့်လည်း ကိုလံဘီယာ ကစားပုံက ပထမပိုင်းက အတိုင်း
ကောင်းနေခဲ့ပြီး ပေါ်တူဂီ တိုက်စစ် ဘယ်လိုမှ ကျော်မရတဲ့ အနေအထား ဖြစ်ခဲ့ရတာပါ။
.
ပွဲချိန် မိနစ် ၇၀ မှာ ဂျာအိုဖိလစ်အစား ရာဖေးလီယို ဝင်လာတဲ့နောက်
ပေါ်တူဂီရဲ့ဘယ်ခြမ်းတိုက်စစ်က ပိုကောင်းသွားပြီး လက်ကျန်ပွဲချိန်တွေကို
ဘယ်ခြမ်းကနေပဲ တစ်ချိန်လုံး တိုက်စစ်ဆင်နေခဲ့တာပါ။
.
ကိုလံဘီယာကလည်း လူးဝစ်ဒီယာ့ဇ်ရဲ့ ဘယ်ခြမ်းကနေပဲ ဒုတိယပိုင်းကို
အားပြုကစားနေတာမို့ ဘယ်ခြမ်းချင်း အားပြိုင်တဲ့ပွဲဖြစ်ခဲ့ပြီး
ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုအပိုင်းမှာတော့ ကိုလံဘီယာကပဲ အသာရခဲ့တာပါ။
.
ပွဲချိန် ၈၈ မိနစ်မှာ ဂိုးပေါက်ထဲ ဝင်လုနီးပါးဖြစ်နေတဲ့ဘောလုံးကို
ရူဘင်ဒီယာ့ဇ်ရှင်းထုတ်နိုင်လိုက်လို့ ပေါ်တူဂီကံကောင်းသွားခဲ့ရတာဖြစ်ပြီး
နာကျင်အချိန်ပိုမှာ သွင်းခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးကိုလည်း
လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့သာ ပေါ်တူဂီတို့ ကံကောင်းစွာနဲ့တစ်မှတ်ရသွားခဲ့တာဖြစ်ပါတယ်။
.
လက်ရှိခြေစွမ်းအတိုင်းသာ ဆိုရင်တော့ ပေါ်တူဂီက
ကွာတားအဆင့်လောက်မှာတင် လှည့်ပြန်ရဖို့ရှိနေပြီး
ကမ္ဘာ့ဖလားရဲ့စွမ်းဆောင်ရည်ကောင်းတဲ့အသင်း စာရင်းမှာ ရှိမနေခဲ့ပါဘူး။
.
အုပ်စု k ရဲ့ အခြားပွဲစဉ်ဖြစ်တဲ့ ကွန်ဂိုနဲ့
ဥဇဘက်တို့ပွဲမှာတော့ ကွန်ဂိုက ၃-၁ ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရသွားခဲ့ပြီး အကောင်းဆုံး
အုပ်စု တတိယနေရာကနေ နောက်တစ်ဆင့် တက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

No comments:
Post a Comment