.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
လက်ဘနွန်နိုင်ငံထဲက လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့
ဟစ်ဇ်ဘိုလာ တွေကတော့ အစ္စရေးနဲ့လက်ဘနွန် နှစ်နိုင်ငံ အပစ်ရပ်သဘောတူညီချက်ကို
ပယ်ချလိုက်ပြီး လက်ဘနွန်နိုင်ငံအတွက် အရှက်ရစရာဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။
.
.ဟစ်ဇ်ဘိုလာခေါင်းဆောင် ကက်ဆန် က
ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပြီး ဒီထုတ်ပြန်ချက်က လက်ဘနွန် နိုင်ငံအတွင်းမှာ
“စမ်းသပ်လုံခြုံရေးဇုန်” တွေ တည်ထောင်ပြီး ဒီနေရာတွေမှာ ဟစ်ဇ်ဘိုလာ တွေ
လှုပ်ရှားခွင့် မရှိကြောင်း ကြောညာခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
.
အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ်ဆွေးနွေးပွဲမှာ
ဟစ်ဇ်ဘိုလာ တွေကို ထည့်သွင်းခဲ့ခြင်း မရှိတာကြောင့် လည်း ကက်ဆန် က
ဒေါသထွက်နေခဲ့ပြီး လက်ရှိ အပစ်ရပ်စာချုပ်ဟာ အစ္စရေးကို လက်နက်ချအရှုံးပေး လိုက်တာနဲ့
အတူတူပဲ ဖြစ်တဲ့အကြောင်း ပြောဆိုလိုက်တာပါ။
.
အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးတဲ့နောက်
လက်ဘနွန်စစ်တပ်က နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အဓိက လမ်းမကြီးတစ်ခုကို
ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ဒီလမ်းမကြီးတစ်ဝိုက်မှာ မပေါက်ကွဲသေးတဲ့ လက်နက် ပစ္စည်းတွေရှိတာကြောင့်
အရပ်သားတွေကို သွားလာမှုမပြုကြသေးဖို့ သတိပေးမှုတွေလည်း ပြုလုပ်ထား ပါတယ်။
.
လက်ရှိမှာတော့ အင်ဂျင်နီယာတပ်တွေက
ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မှု
မပြီးခင်အချိန်အထိ အရပ်သားတွေ မသွားလာကြဖို့ကိုလည်း စစ်တပ်က ထပ်လောင်းအသိပေး ထားပါတယ်။
.
အပစ်ရပ်စာချုပ်ကို ဟစ်ဇ်ဘိုလာက သဘောမတူတာကြောင့်
လက်ဘနွန်နိုင်ငံအတွင်းမှာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်စ ပြုနေပြီး
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံသား ၂ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး ဒဏ်ရာရသွားခဲ့တာ ဖြစ်ပြီး
အယ်လ်မာရှယ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။
.
အပစ်ရပ်စာချုပ် သဘောတူညီမှုဟာ ဟစ်ဇ်ဘိုလာကြောင့်
တစ်ရက်နဲ့တင် ပျက်စီးသွားဖို့ရှိနေပြီး တိုက်ခိုက်မှု တွေက ပြန်လည်စတင်တော့မယ့်
ပုံလို့ နိုင်ငံရေးသုံးသပ်သူတွေကမှတ်ချက်ပေးနေကြပါတယ်။
.
အစ္စရေးရဲ့တိုက်ခိုက်မှုတွေ
ဆက်လက်ဖြစ်ပွားနေချိန် လက်ဘနွန်မှာ သေဆုံးသူ ၃၅၂၆ ဦးအထိ ရှိနေတယ် ဆိုတဲ့အကြောင်း
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
.
မတ်လ ၂ ရက်နေ့က စတင်ပြီး
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်းမှာ သေဆုံးသူ ၃၀၀၀
ကျော် ရှိခဲ့သလို ဒဏ်ရာရရှိသူပေါင်း ၁၀၀၀၀ ကျော်ခဲ့တယ်လို့
ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
.
Source – CNN
.
No comments:
Post a Comment