တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, July 1, 2026

တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကျော် ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်

.

တောင်ကြီးမြို့၊ ကျောင်းကြီစုရပ်ကွက်တွင် ဇွန်လ ၂၉ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ ကျော်ကို သုံးစွဲ၊ ရောင်းဝယ်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၂၉ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်‌မြေ (၁၁)၊ သဇင်-၃ လမ်းပေါ် တွင် တွေ့ရှိသူ ခွန်ဇော်မောင် (ခ) အမောင်အား စစ်ဆေးရှာဖဖွေရာ စိတ်ကြွမူးယစ်ဆေးဝါးဟု ယူဆရသော WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၃၀၀ ပြား၊ အလေးချိန် ၂၇ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

.

ထို့နောက် ဖမ်းဆီးရမိသူ ခွန်ဇော်မောင် (ခ) အမောင်၏ ထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၀)၊ ပိတောက်လမ်းနေ အောင်စိုးသက် (ခ) အကြီးကောင် ထံမှ ဝယ်ယူရရှိခဲ့သော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် အောင်စိုးသက် (ခ) အကြီးကောင် ၏ နေအိမ် အား ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် အောင်စိုးသက် (ခ) အကြီးကောင် နှင့်အတူ ၎င်း၏ သူငယ်ချင်းဖြစ်သူ ခင်ဇော် (ခ) ကောင်လေးတို့ ၂ ဦးအား တွေ့ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်အား စစ်ဆေး ရှာဖွေရာ အောင်စိုးသက် (ခ) အကြီးကောင် လွယ်ထားသည့် ဘေးလွယ်အိတ် အတွင်းမှ စိတ်ကြွမူးယစ် ဆေးဝါးဟု ယူဆရသော WY စာတမ်းပါလိမ္မော်ရောင် ဆေးပြား ၁၁၆၀ ပြား၊ အလေးချိန် ၁၀၄ ဒသမ ၄ ဂရမ်ခန့် နှင့် ခင်ဇော် (ခ) ကောင်လေး လွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွ မူးယစ်ဆေးဝါးဟု ယူဆရသော WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၃၀၀၀ ပြား၊ အလေးချိန် ၂၇၀ ဂရမ်ခန့်အား ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ခွန်ဇော်မောင် (ခ) အမောင်၊ အောင်စိုးသက် (ခ) အကြီးကောင် နှင့် ခင်ဇော် (ခ) ကောင်လေး တို့ ၃ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူ‌ ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages