.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်
.
အမေရိကန်နဲ့ အီရန်နိုင်ငံအကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့်
ဟောမုဇ်ရေလက်ကြား သင်္ဘောသွားလာမှုတွေအပေါ် စိုးရိမ်မှုတွေ
ပြန်လည်မြင့်တက်လာခဲ့ကြပြီး ရေနံဈေးတွေလည်း ပြန်ခုန်တက်လာကြပါပြီ။
.
.နိုင်ငံတကာ ရေနံဈေးကွက်မှာတော့ ရေနံဈေးက ၀ ဒသမ ၉
ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမေရိကန်နဲ့ အီရန် တိုက်ခိုက်မှုတွေကြောင့်
ပုံမှန်နီးပါးပြန်ဖြစ်နေတဲ့ ဟောမုဇ်ရေလက်ကြား သင်္ဘောသွားလာမှုတွေ ပြန်လည် ထိခိုက်လာမှာကို
စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြတာပါ။
.
လက်ရှိမှာတော့ ကမ္ဘာ့ရေနံဈေးက တစ်စည်ကို
အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၂၁ ရှိခဲ့ပြီး တိုက်ခိုက်မှုတွေ ဖြစ်မလာခင်နေ့ကထက် ၁ ဒသမ ၂၇
ဒေါ်လာ မြင့်တက်လာခဲ့တာပါ။
.
ဩစတြေးလျနိုင်ငံ၊
ဆစ်ဒနီမြို့ရဲ့ဈေးကွက်သုံးသပ်သူ ဖေဘီယန်က “ရေနံဈေးပြန်တက်လာတာက အပစ်အခတ်တွေ ဖြစ်လာတဲ့အပေါ်
ဈေးကွက်က တုံ့ပြန်နေတယ်ဆိုတာကို ပြနေတာပါ။ လက်ရှိမှာ အပစ်ရပ်သဘောတူညီချက်က
အကောင်အထည်ဖော်ရေးအတွက် အသေးစိတ်ဆွေးနွေးတာ မရှိသလို တိုက်ခိုက်မှုတွေက
ဆက်ဖြစ်နေတာပါ။ ကြာသပတေးနေ့တုန်းက ကုန်သင်္ဘောတစ်စီး တိုက်ခိုက်ခံရတာ လည်း
လက်တွေ့အခြေအနေကို သတိပေးနေတာပဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။
.
အာရှစတော့ဈေးကွက်ထဲမှာတော့
ဈေးတွေလှုပ်ခတ်နေခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ဂျပန်နဲ့ တောင်ကိုရီးယား ဈေးကွက်တွေ
ကျဆင်းခဲ့ပေမဲ့ ဟောင်ကောင်နဲ့ ထိုင်ဝမ်ဈေးကွက်တွေ ကတော့ မြင့်တက်ခဲ့တာပါ။ Ai
လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေက
အများဆုံး ကျဆင်းခဲ့တာဖြစ်ပြီး အကျိုးအမြတ်ပိုင်းဆိုင်ရာ မေးခွန်းတွေလည်း
ထွက်လာခဲ့ကြပါတယ်။
.
ဂျပန်ရဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Softbank
Group ရဲ့ရှယ်ယာတွေက ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး
တောင်ကိုရီးယားရဲ့နာမည်ကြီး ကုမ္ပဏီတွေဖြစ်ကြတဲ့ ဆမ်ဆောင်းနဲ့ SK Hynix တို့ရဲ့ရှယ်ယာတွေကလည်း ၅ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ကြပါတယ်။
.
လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်တို့အကြားမှာ
တိုက်ခိုက်မှုတွေ ရပ်တန့်ခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲတွေ
ပြန်လည်စတင်ဖို့ သဘောတူညီခဲ့ကြတဲ့အကြောင်း အမေရိကန်စစ်ဖက်က ထုတ်ပြန်ထား ပါတယ်။
လာမယ့် ဇွန်လ ၃၀ ရက်မှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ဆွေးနွေးပွဲလုပ်ဖို့
ပြင်ဆင်ထားခဲ့ကြပြီ လို့လည်း သတင်းတွေက ဖော်ပြနေကြပါသေးတယ်။
.
Source – Aljazeera
.

No comments:
Post a Comment