ကလောမြို့နယ်တွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း-CDA က တောင်သူများအား မျိုးစေ့နှင့် စိုက်ပျိုးရေး ပစ္စည်းများ ပေးအပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 28, 2026

ကလောမြို့နယ်တွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း-CDA က တောင်သူများအား မျိုးစေ့နှင့် စိုက်ပျိုးရေး ပစ္စည်းများ ပေးအပ်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကမ္ဘားနီကျေးရွာအုပ်စုတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) က စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့် စိုက်ပျိုးရေးသုံး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ပေးအပ်ရာတွင် ကမ္ဘားနီကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးတောင်သူ ၄၀ ဦးတို့အတွက် တစ်ဦးလျှင် ပြောင်းဖူးမျိုးစေ့ အထုပ်ငယ် ၁ ထုပ်၊ ၁၅ ပတ်လည် သဘာဝမြေဩဇာ ၂ ဦးလျှင် တစ်အိတ်၊ ဆေးဖြန်းပုံး၊ ပေါက်ပြားနှင့် ကတ်ကြေး ၁ လက်စီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ကမ္ဘာ့စားနပ်ရိက္ခာ ပံ့ပိုးရေးအဖွဲ့နဲ့ CDA က ပေးတယ်လို့ ပြောပါတယ်။ ဒီနှစ်မှ စီမံကိန်းနဲ့ ပေးတာပါ။ မိုးသီးနှံ တစ်ကြိမ်၊ ဆောင်းသီးနှံ တစ်ကြိမ် ပေးမယ်လို့ ပြောပါတယ်”ဟု ကမ္ဘားနီကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါ ထောက်ပံ့မှုတွင် ကမ္ဘားနီကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၁၂၀ ဦးခန့်ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

CDA (Community Development Association) သည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကလောမြို့နယ်အတွင်း ရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်စင်မှု စီမံကိန်းများကို ဆောင်ရွက်လျက် ရှိပြီး ရပ်ရွာဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးအတွက် အဓိကလုပ်ဆောင်နေသော မြန်မာနိုင်ငံအခြေစိုက် NGO တစ်ခု ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages