.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
Virtual Kidnapping အကြောင်းမပြောခင် အရင်ဆုံး
အဲဒါနဲ့ဆိုင်တဲ့ အမှုတစ်ခုအကြောင်း ပြောပြပါ့မယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက
ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်ကျောင်းသူလေး တစ်ယောက်ကို
ပြန်ပေးဆွဲခံရသလို လှည့်စားပြီး မိဘတွေဆီကနေ ငွေတောင်းခဲ့တဲ့ ဖြစ်ရပ်ပါ။
.
.ဝမ် လို့ခေါ်တဲ့ အဲဒီကျောင်းသူလေးရဲ့ဖခင်ဆီကို Wechat
ကနေပြီး လူတစ်ယောက်က ပြန်ပေးဆွဲထားတယ် လို့ ပြောဆိုခဲ့တာပါ။
ဝမ်ရဲ့ဓာတ်ပုံတွေကို သူမရဲ့ဖခင်ဖြစ်သူဆီ ပို့ပေးခဲ့ပြီး အဲဒီပုံတွေက အချုပ်အနှောင်
ခံနေရသလိုမျိုးပုံတွေ၊ ဒဏ်ရာရထားသလိုပုံတွေပါ။ ပြန်ပေးသမားက ဝမ်ကို
ပြန်လွှတ်ပေးဖို့အတွက် ဘတ် ၁၂ သန်း တောင်းဆိုခဲ့ပါတယ်။ ဝမ်ရဲ့အဖေက ပိုက်ဆံမပေးဘဲ
ဟောင်ကောင်ရဲဌာနကို တိုင်ကြားရာကနေ ထိုင်းရဲတပ်ဖွဲ့နဲ့ပေါင်းပြီး အမှုကို
ဖြေရှင်းဖို့ ဖြစ်လာခဲ့တာပါ။
.
ထိုင်းရဲတွေရဲ့ဖော်ထုတ်မှုတွေမှာတော့ ဝမ် ကို
ဘန်ဖီလ်ပြည်နယ်ထဲက ဟိုတယ်တစ်ခုမှ လုံခြုံစွာနဲ့တွေ့ရပြီး CCTV မှတ်တမ်းတွေမှာလည်း သူမနဲ့အတူ ဟိုတယ်ထဲကို လိုက်ပါလာသူ ဘယ်သူမှ
မရှိခဲ့တာကို တွေ့ခဲ့ရ တာပါ။
.
ပြန်ပေးဆွဲသမားယောင်ဆောင်ပြီး လိမ်လည်သူတွေက
ဝမ်ကို ပညာသင်စရိတ်အတွက် ပေးသွင်းဖို့ဆိုပြီး မိသားစုဆီကနေ
ငွေတောင်းခိုင်းခဲ့ပါတယ်။ အဲဒီငွေတွေ ဝင်လာတာနဲ့ တပြိုင်နက်တည်း တခြား ဘဏ်အကောင့်တွေဆီ
ပြန်ပြီး လွှဲယူသွားခဲ့တာပါ။
.
အဲဒီနောက်မှာလည်း ဝမ် ကို ကျောင်းအတွက်
လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုတယ်ပြောင်းရွှေ့ နေထိုင်ခိုင်းတာတွေပါ
ပြုလုပ်ခဲ့ပြီး ပြန်ပေးဆွဲခံထားရတယ်ဆိုတဲ့ ပုံစံနဲ့ မိသားစုဆီကို ငွေညှစ်ခဲ့တာပဲ ဖြစ်ပါတယ်။
.
ဒီလိုဖြစ်ရပ်မျိုးကို Virtual Kidnapping
(ပုံရိပ်ယောင်ပြန်ပေးဆွဲမှု) လို့ ခေါ်ကြတာပါ။ ပြန်ပေးဆွဲသူတွေက
တကယ် ပြန်ပေးဆွဲတာမျိုးမဟုတ်ဘဲ ပြန်ပေးဆွဲခံနေရသယောင်ဖန်တီးပြီး
သက်ဆိုင်သူတွေဆီကနေ ပိုက်ဆံရယူဖို့ ကြိုးစားလာကြတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ Ai
နဲ့ အတုအယောင်ဖန်တီးလို့ရတာတွေက ပိုမိုများပြားလာပြီးတဲ့နောက် Virtual
Kidnapping သမားတွေက အသံတုလုပ်တာတွေ၊ ဖမ်းဆီးထား သယောင်
ဗီဒီယိုအတုလုပ်တာတွေ၊ မိသားစုဆီ ဖုန်းဆက်တဲ့အခါ အနောက်က ငိုသံတွေကြားအောင်
လုပ်ထားတာတွေ စတာတွေကို အသုံးချလာကြတာပါ။
.
ဒီနေ့ခေတ်မှာ လူပျောက်တွေများလွန်းနေပြီး Virtual
Kidnapping လို အလားတူပုံစံမျိုးတွေလည်း ဖြစ်နေကြတာမို့
လူပျောက်တယ်၊ ပြန်ပေးဆွဲခံထားရတယ် ဆိုတဲ့ ဆက်သွယ်မှုတွေကို လွယ်လွယ်နဲ့
မယုံကြည်ကြဖို့နဲ့ ခိုင်လုံတဲ့သက်သေ အထောက်အထားတွေကို ရှာဖွေကြဖို့ လိုတဲ့အကြောင်း
အကြံပြုလိုက်ရပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment