.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်
.
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့်
မြန်မာတစ်နိုင်ငံလုံး ပထမနေရာမှ အောင်မြင် ခဲ့သည့် ကျောင်းသူ နီနီကျော်ကို
ကမ္ဘောဇဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၁၀၀၀ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
.
.မြန်မာတစ်နိုင်ငံလုံး ပထမနေရာမှ ထူးချွန်စွာ
အောင်မြင်ခဲ့သည့် ကျောင်းသူ မနီနီကျော်၏ ပညာရေး ခရီးလမ်းကို ဆက်လက်
လျှောက်လှမ်းနိုင်ရန်နှင့် အနာဂတ်ရည်မှန်းချက်များကို အကောင်အထည်ဖော် နိုင်ရန်အတွက်
ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဇဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။
.
မနီနီကျော်သည် အထက (၁၄) လှိုင်သာယာအရှေ့ စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ခဲ့ပြီး မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ၅ ဘာသာဂုဏ်ထူး၊ ရမှတ် ၅၃၀ ဖြင့် ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမ အမှတ်အများဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရဿည်။
.
.

No comments:
Post a Comment