.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၅ ရက်
.
ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့ကြတဲ့ ပြင်သစ်နဲ့
ပါရာဂွေးတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ ပြင်သစ်က ၁-၀ ဆိုတဲ့ရလာဒ်နဲ့အနိုင်ယူပြီး
နောက်တစ်ဆင့်တက်သွားခဲ့တာပါ။ နှစ်သင်းစလုံးက သူတို့ရဲ့အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး
ပြင်သစ်တိုက်စစ်မှာ ဘက်ပီ၊ ဘာကိုလာ၊ ဒမ်ဘီလီ၊ အိုလစ်ဆီ တို့နဲ့ လူစုံခဲ့သလို
ပါရာဂွေးမှာလည်း အယ်လ်မီရွန်၊ အန်ဆီယို၊ ဂိုမက်ဇ် တို့နဲ့လူစုံခဲ့တာပါ။
.
.
ကမ္ဘာ့ဖလားပွဲမှာ ပထမဆုံးမြင်ရတဲ့
ကစားပုံမျိုးကို ဒီပွဲမှာ ပါရာဂွေးက ပြသသွားခဲ့တာဖြစ်ပြီး တကယ့်ကို လူမိုက်တွေလို
ကစားသွားခဲ့ကြတာပါ။ တစ်ပွဲလုံး ပိတ်ဆော့သွားဖို့ ကြိုးစားခဲ့တဲ့ ပါရာဂွေးက
တစ်ပွဲလုံးမှာမှ ပြင်သစ်ဂိုးပေါက်ကို တစ်ကြိမ်ပဲ တည့်အောင်ကန်နိုင်ခဲ့တာဖြစ်ပြီး
ဘောလုံးပိုင်ဆိုင်မှုမှာလည်း ၃ ပုံ ၁ ပုံ လောက် ကွာခဲ့တာပါ။
.
ပါရာဂွေးက ပြင်သစ်ရဲ့အဓိက
တိုက်စစ်လမ်းကြောင်းဖြစ်တဲ့ အိုလစ်ဆီကို လုံးဝပိတ်ထားခဲ့ပြီး ဒမ်ဘီလီ၊ ဘက်ပီ၊
ဘာကိုလာ တို့ကိုလည်း ကြမ်းကြမ်းတမ်းတမ်း ထိန်းထားခဲ့တာပါ။ ကွင်းထဲမှာ
ဘောလုံးမကစားပဲ လူလာချနေ သလားလို့ ထင်ရအောင်ကို ပါရာဂွေးရဲ့ကစားပုံက
ဥပဒေပနိုင်လွန်းခဲ့တာပါ။
.
ဘက်ပီကို လက်နဲ့ နောက်ပြန်ရိုက်တာတွေ၊
လဲကျနေတုန်း ခြေထောက်နဲ့ ကန်တာတွေ၊ ပါမီကာနို ကို တံတောင်နဲ့ တွက်တာတွေက
တော်တော်လေးကို ဆိုးတဲ့အပြုအမူတွေပါ။ ဒီ့ထက်ပိုဆိုးတာက ကွင်းလယ်ဒိုင် ပဲဖြစ်ပြီး
ပါရာဂွေးလုပ်သမျှ အဝါကတ် တစ်ကတ်မှ မပြတဲ့အပြင် သူအဝါကတ်ပြခဲ့တာက ပြင်သစ် ကစားသမားတွေကို
ချည်းပါပဲ။
.
ပထမပိုင်း ပွဲချိန်တစ်လျှောက်လုံး ပြင်သစ်တို့
ဖိကစားနေပေမဲ့ ဂိုးရဖို့ ခက်နေခဲ့ပြီး တော်တော်လေး ရုန်းကန် ခဲ့ရတာပါ။
ဒုတိယပိုင်းမှာ ဘာကိုလာ အစား ဒိုဝီ ဝင်လာပြီးတဲ့နောက်မှာတော့ ဘယ်ခြမ်းက ကစားပုံ
တော်တော်လေး ကောင်းလာခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့တာပါ။
.
ပွဲချိန် ၆၇ မိနစ်မှာ ဒိုဝီ တစ်ယောက်
ပါရာဂွေးနောက်ခံလူ ၃ ယောက်လောက်ကို ခေါက်ပြီး ဂိုးဧရိယာထဲ ဝင်လာတဲ့အချိန်
အတားခံလိုက်ရလို့ လဲကျသွားပြီး ပင်နယ်တီ
ရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ဘက်ပီက ကန်သွင်းပြီး ဒီပွဲအတွက် ပြင်သစ်ရဲ့တစ်လုံးတည်းသော
အနိုင်ဂိုးဖြစ်ခဲ့တာပါ။
.
ပြီးခဲ့တဲ့ ဂျာမနီနဲ့ပွဲမှာ
ပင်နယ်တီသူရဲကောင်းဖြစ်သွားတဲ့ ပါရာဂွေးဂိုးသမား အော်လန်ဒို ဂီးလ်ကတော့
ဒီပွဲမှာလည်း ပြင်သစ်ရဲ့အပိုင်အခွင့်အရေးတွေကို ကာကွယ်သွားခဲ့ပြီး အကောင်းဆုံး
ကစားသမားဆုကို ၂ ပွဲဆက် ရယူသွားခဲ့တာပါ။
.
ပြင်သစ်က ဒီနိုင်ပွဲကြောင့်
ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီနှစ်သင်းက
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာလည်း တွေ့ခဲ့ဖူးပြီး အဲဒီတုန်းကတော့
ပြင်သစ်က ၂-၀ နဲ့ နိုင်ခဲ့တာပါ။
.

No comments:
Post a Comment