.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်
.
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ရွှေတောင်ကြားလမ်းသွယ်
(၅) ရှိ ဆောက်လုပ်ဆဲအဆောက်အဦ လုပ်ငန်းခွင် တစ်ခုတွင် ယမန်နေ့ ဇူလိုင်လ ၄ ရက်၊ ညသန်းခေါင်အချိန်က
အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နေ
ဝဏ္ဏ ဆိုသူဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော ၂ လခန့်မှ စတင်၍ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ
အဆိုပါ ခြံဝင်းအတွင်း အဆောက်အဦ ဆောက်လုပ်ရန် အတွက် လာရောက်နေထိုင် အလုပ်လုပ်ကိုင် နေသူဖြစ်ကြောင်း
သိရသည်။
.
ယမန်နေ့ ဇူလိုင်လ ၄ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် သေဆုံးသူနှင့်အတူ
နေထိုင်သူ အမျိုးသားတစ်ဦးမှ ၎င်းအား အိပ်ရာတွင် မတွေ့သဖြင့် လိုက်လံရှာဖွေရာမှ အဆောက်အဦ၏
ဒုတိယထပ်ရှိ ဝါးငြမ်းပေါ်တွင် ကြိုးဆွဲချ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူသည် မိသားစုဖြင့် အဆင်မပြေ၍
စိတ်ဓါတ်ကျပြီး ကြိုးဆွဲချသေဆုံးခြင်း ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင်၏ ပြောပြချက်အရ
သိရှိရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
.
အဆိုပါ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်
သိရှိနိုင်ရန် တောင်ကြီးမြို့မရဲစခန်း တွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment