.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်
ယနေ့ ဇူလိုင်လ ၂ ရက်၊ နေ့လယ်ပိုင်းက သေနတ်ကိုင်ဆောင် ထားသူ လူတစ်စုမှ
အမျိုးသမီးငယ်တစ်ဦးအား ပြန်ပေးဆွဲ ခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊
မိုင်းယန်းလမ်း၊ နွဲ့နောဘုန်းကြီးကျောင်းအနီးရှိ ပရိဘောဂနှင့် အိမ်သုံး
ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်သို့ ယနေ့ ဇူလိုင်လ ၂ ရက်၊ နေ့လယ် ၁၂ နာရီခန့်က
သေနတ်အရှည်များ ကိုင်ဆောင်ထားသည့် အမည်မသိ အမျိုးသား ၄ ဦး ဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်၏
သမီးဖြစ်သူ အမျိုးသမီး ငယ်ကို အဖြူရောင် Mark X ကားပေါ်
တင်ဆောင် ပြန်ပေးဆွဲ ခေါ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်မှာ
ပြန်ပေးဆွဲခံရတာ မှန်ပါတယ်။ ကျွန်တော်တို့လည်း အခု လိုက်နေ တုန်းပါ။ ဖမ်းဆီးရမိတာ
မရှိသေးပါဘူး” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် မေလ ၁၃ ရက်ကလည်း ကျိုင်းတုံမြို့၊
နောင်ခိုက်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစုကို သေနတ်ဖြင့် ပစ်ခတ်ကာ
ရွှေထည်လုယက်မှု ဖြစ်ပွားခဲ့ဖူးသည်။
.

No comments:
Post a Comment