.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့်
ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် ဓားပြမှုမှ ကျူးလွန်သူတစ်ဦးကို ၅ လအကြာ ဇူလိုင်လ
၁ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရပ်ကွက်
(၄)၊ မဟာဗောဓာရုံကျောင်း အနောက်ဘက်ရှိ ရွှေချွတ် လုပ်ငန်းနေအိမ်တစ်ခုတွင် ပြီးခဲ့သည့်
ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေ နှင့် ငွေသားများ ပါသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အမှုမှ ကျူးလွန်သူ ၆ ဦးအနက် တစ်ဦးကို ဇူလိုင်လ
၁ ရက်က ဖမ်းဆီးရမိခဲ့ပြီး ကျန် ၅ ဦးကို ဆက်လက် စုံစမ်းရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
.
“တရားခံ တစ်ယောက် မိပါတယ်။ အဲဒီမှာ စစ်တော့ ဓားပြတိုက်တုန်းက
အိမ်ရှင်ဆီမှာ လက်နက်မြင်ခဲ့တယ် ဆိုပြီး ထွက်ဆိုထားတာပေါ့။ အဲဒါနဲ့ အိမ်ရှင်ကို ခေါ်စစ်တော့
သူက ထုတ်ပြီး အပ်ပါတယ်။ အရင်က ပြည်သူ့စစ်ပါ။ နောက်နေ့ပဲ (အိမ်ရှင်ကို) ပြန်လွှတ်ပေးလိုက်ပါပြီ”
ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်ကကလည်း လားရှိုးမြို့တွင်
မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သည့် ကားပွဲစားတစ်ဦး အသတ်ခံရပြီး ကားလုယက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။
.

No comments:
Post a Comment