တစ်ယောက်လျော့ပေမဲ့ ၂ ဂိုးပြတ်အနိုင်ကစားပြီး အမေရိကန် နောက်တစ်ဆင့်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, July 2, 2026

တစ်ယောက်လျော့ပေမဲ့ ၂ ဂိုးပြတ်အနိုင်ကစားပြီး အမေရိကန် နောက်တစ်ဆင့်တက်

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်

.

ဒီနေ့မနက်ပိုင်း ကစားခဲ့တဲ့ အမေရိကန်နဲ့ ဘော့စနီးယားတို့ ပွဲစဉ်မှာတော့ အိမ်ရှင်အမေရိကန်အသင်းက ၂-၀ နဲ့နိုင်ပြီး ၁၆ သင်းအဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ အမေရိကန်ဘက်က တစ်ယောက် အထုတ်ခံခဲ့ရပြီး ဘော့စနီးယားတို့ တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ ချေပဂိုးမရတဲ့အပြင် နောက်ထပ် တစ်ဂိုးပါ ထပ်ပေးလိုက်ရတာမို့ အမေရိကန်က ပွဲအပြီးမှာ ၂-၀ နဲ့နိုင်သွားခဲ့ရတာပါ။

.

.

ပူလီဆစ်၊ ဘာလိုဂန်၊ ဒက်စ် တို့ရဲ့ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့တဲ့ အမေရိကန်က ဘော့စနီးယားအပေါ် ထင်သလောက် အသာမရခဲ့ဘဲ ဘောလုံးက ကွင်းလယ်မှာတင် အပျက်များနေခဲ့တာပါ။ ပွဲချိန်ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့် မယ်မယ်ရရ မရှိခဲ့ဘဲ ဘော့စနီးယားဘက်က အပိုင်ဂိုးသွင်းခွင့် တစ်ကြိမ်နဲ့ အမေရိကန်ဘက်က ၂ ကြိမ်လောက်ပဲ ရခဲ့တာပါ။

.

ဒါပေမယ့် ပထမပိုင်းပြီးခါနီးပွဲချိန် ၄၅ မိနစ်မှာ အမေရိကန်တို့ ဦးဆောင်ဂိုးရသွားခဲ့ပြီး ဘာလိုဂန်က ဂိုးဧရိယာထဲကနေ ဘယ်ခြေနဲ့ကန်သွင်းအဆုံးသတ်ခဲ့တာပါ။

.

ပွဲချိန် ဒုတိယပိုင်း ၆၄ မိနစ်မှာတော့ ပထမပိုင်းတုန်းက သူရဲကောင်းဖြစ်ခဲ့တဲ့ ဘာလိုဂန်တစ်ယောက် ဘော့စနီးယား ကစားသမား တာရစ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့တာကြောင့် VAR အဆုံးအဖြတ်ခံယူခဲ့ရပြီး အနီကတ်နဲ့ထွက်ခဲ့ရပါတယ်။

.

အမေရိကန်ဘက်က တစ်ယောက်လျော့သွားခဲ့တာမို့ ခံစစ်ကို ပိုအာရုံစိုက်လာခဲ့ပြီး ဘော့စနီးယားကို တန်ပြန်တိုက်စစ်နဲ့ပဲ ကစားဖို့ ကြိုးစားလာခဲ့ပါတယ်။

.

ဒါပေမဲ့လည်း တစ်ယောက်အသာနဲ့ ကစားခဲ့ရတာတောင် ဘော့စနီးယားက လက်ကျန်မိနစ်တွေမှာ ဂိုးပေါက် ၂ ကြိမ်ပဲတည့်ခဲ့တဲ့အထိ တိုက်စစ်ကစားပုံက ဆိုးနေခဲ့ပြီး သူတို့ရခဲ့တဲ့ အခွင့်အရေးတွေကိုလည်း အမေရိကန် ဂိုးသမား မတ် ဖရီဆီ က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

.

ပွဲချိန် ၈၂ မိနစ်မှာတော့ အမေရိကန်ကတောင် ဒုတိယဂိုးရသွားခဲ့ပြီး မာလစ်တေးလ်မန်းက သွင်းယူပေးသွား ခဲ့တာပါ။ ဘော့စနီးယားတို့ ချေပဂိုးရဖို့ လူစားလဲမှုတွေ လုပ်ခဲ့ကြပေမယ့်လည်း ဘယ်လိုမှ အသုံးမဝင် တော့ဘဲ ပွဲအပြီးမှာ အမေရိကန်တို့ ၂-၀ နဲ့ နောက်တစ်ဆင့် တက်သွားခဲ့တာပဲဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages