တာချီလိတ်မှ သယ်ဆောင်လာသည့် အိုက်စ် ၁၀၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၆ သိန်းကို ထိုင်း အာဏာပိုင်များ ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, July 5, 2026

တာချီလိတ်မှ သယ်ဆောင်လာသည့် အိုက်စ် ၁၀၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၆ သိန်းကို ထိုင်း အာဏာပိုင်များ ဖမ်းဆီး

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

.

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတား (ထိုင်းဘက်) အကောက်ခွန် စစ်ဆေးရေးဂိတ်တွင် ယနေ့ ဇူလိုင် ၅ ရက် နံနက် ၁၁ နာရီခန့်က မြန်မာနိုင်ငံဘက်ခြမ်း၊ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာသည့် သုံးဘီးယာဉ်တစ်စီးအား စစ်ဆေးရာမှ အိုက်စ်မူးယစ်ဆေးဝါး ၁၀၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၆၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ထိုင်းအကောက်ခွန်ဌာနမှ ဝန်ထောက် နိုင်းဆက်ဆီယမ် ကျမ်နုန်း ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က မြန်မာဘက်မှ ဝင်ရောက်လာသည့် အနီရောင် သုံးဘီးယာဉ်တစ်စီးအား သတင်းအရ ရှာဖွေစစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

စစ်ဆေးရာတွင် ယာဉ်မောင်း ခွန်သိန်းဦးနှင့်အတူ သုံးဘီးယာဉ်၏ နောက်ပိုင်းတွင် သစ်သီးခြင်းများဖြင့် ဖုံးအုပ်၍ အစိမ်းရောင် လက်ဖက်ခြောက်အိတ်များအတွင်း ဝှက်ထားသည့် အိုက်စ်မူးယစ်ဆေးဝါး ၁၀၇ ကီလိုဂရမ်နှင့် ၉၉၉ အမှတ်တံဆိပ် ရိုက်နှိပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀၀ ကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဖမ်းဆီးရမိသည့် အိုက်စ်မူးယစ်ဆေးဝါး၏ ဒေသပေါက်ဈေးတန်ဖိုးမှာ ဘတ်ငွေ ၆၄ ဒသမ ၂ သန်းခန့် ရှိပြီး စိတ်ကြွဆေးပြားများ၏ ခန့်မှန်းတန်ဖိုးမှာ ဘတ်ငွေ သန်း ၃၀ ခန့် ရှိသဖြင့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ဘတ်ငွေ ၉၄ ဒသမ ၂ သန်းခန့် ရှိကြောင်း သိရသည်။

.

လက်ရှိတွင် ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက အမှုဖွင့်အရေးယူ နိုင်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages