.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
.
ဘယ်လ်ဂျီယမ်နိုင်ငံ၊ အန့်တွပ်မြို့က ၁၀ ထပ် အမြင့်ရှိတဲ့
လူနေတိုက်ခန်းတစ်ခုမှာ ဒီကနေ့ ဇူလိုင်လ ၁ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားလို့
အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က ဒေသတွင်း မီဒီယာများကို
ပြောဆို ထားပါတယ်။
.
.
“အရင်ဆုံး လျှပ်စစ်မီး ပြတ်သွားတယ်။ နောက် ၃ မိနစ်လောက်ကြာတော့
မီးဘေးသတိပေးသံတွေ ထွက်ပေါ် လာပြီးတော့ တစ်ဆက်တည်းလိုပဲ အဆောက်အအုံထဲက လူသွားစင်္ကြန်တစ်တစ်ခုလုံး
မီးခိုးတွေ ဖုံးလွှမ်း သွားပါတယ်” လို့ အဲဒီအဆောက်အအုံရဲ့ ၁၀ ထပ်မှာ နေထိုင်သူတစ်ဦးက
ဘယ်လ်ဂျီယမ်သတင်းဌာနကို ပြောဆိုထားပါတယ်။
.
“ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဆင်းဖို့ ကြိုးစားခဲ့သေးတယ်။
ဒါပေမဲ့ အဆောက်အဦထဲမှာပဲ ပိတ်မိနေပြီး ဝရန်တာတွေမှာ ထွက်စောင့်နေခဲ့ရတယ်။ ၁၀ မိနစ်လောက်ကြတော့
မီးသတ်တပ်ဖွဲ့ ရောက်လာပြီး ကျွန်တော်တို့ကို မီးသတ်လှေကားတွေနဲ့ လာကယ်ပေးပါတယ်” လို့
နောက်ထပ် လွတ်မြောက်လာသူ တစ်ဦးကလည်း ပြောဆိုထားပါတယ်။
.
အဲဒီအဆောက်အအုံထဲမှာ လူ ၂၀၀ ဝန်းကျင်လောက် ရှိမယ်လို့
ယုံကြည်ရပြီး သေဆုံးသူ ၆ ဦးရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အရေအတွက် မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က
ပြောဆိုထားပါတယ်။
.
မီးလောင်မှု ဖြစ်တဲ့နေရာကို ခရိုင်အသီးသီးက မီးသတ်ယာဉ်တွေ၊
လူနာတင်ယာဉ်တွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ အများအပြား ရောက်ရှိလာခဲ့ကြပါတယ်။
.
အန့်တွပ်ရဲ့ မြို့တော်ဝန်ဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့
ဘယ်လ်ဂျီယမ်ဝန်ကြီးချုပ် ဘတ်ဒီဝီဗာ က ထိခိုက်ခဲ့ရသူ တွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရတယ်လို့
သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
.
ဘယ်လ်ဂျီယမ်နိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း
ဘရပ်ဆဲလ်မြို့က ကုန်လှောင်ရုံတစ်ခု မီးလောင်မှု အပါအဝင် မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့
သိရပါတယ်။
.
Source – Reuters
.

No comments:
Post a Comment