သတ်မှတ်နှုန်းထားထက် ပိုမိုဈေးတင်ရောင်းချသည့် ဟိုပုံးမြို့မှ စက်သုံးဆီဆိုင်ကို ပိတ်သိမ်းအရေးယူ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

သတ်မှတ်နှုန်းထားထက် ပိုမိုဈေးတင်ရောင်းချသည့် ဟိုပုံးမြို့မှ စက်သုံးဆီဆိုင်ကို ပိတ်သိမ်းအရေးယူ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင် တွင် သတ်မှတ်နှုန်းထားထက် ပိုမိုဈေးတင်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဆိုင်ပိတ်သိမ်း အရေးယူထားသည်ဟု သိရသည်။

.

.

“ပထမ စီမံခန့်ခွဲမှု နည်းလမ်းအရ သိန်း ၅၀ ဒဏ်ရိုက်ပါတယ်။ နောက်တစ်ခါ ထပ်မံ ကျူးလွန်ရင် ဒီထက် ပိုပြီး ထိထိရောက်ရောက် အရေးယူခံရမှာကို သိရှိကြောင်း ခံဝန်ယူပါတယ်။ မနေ့က (ဇူလိုင် ၂ ရက်) တစ်ခါ ထပ်ဖြစ်တော့ တစ်ခါထဲ ဆိုင်ကို ပိတ်ခိုင်းခဲ့ပါတယ်။ ရုံးခေါ်ထားပါတယ်။ အဆင်မပြေရင် ရာသက်ပန် ပိတ်ပါမယ်” ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူ ပြောသည်။

.

ထို့အတူ ‌တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေညောင်-ရပ်စောက်သွားလမ်းရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ကိုလည်း စည်းကမ်းချက်နှင့် မညီကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ပိုင်ရှင်ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ ၃၇ ဖြင့် အရေးယူထားပြီး ဆိုင်ကို ၂ လ ယာယီ ပိတ်သိမ်းခိုင်းထား သည်ဟု သိရသည်။

.

ယင်းကဲ့သို တရားဝင်ဆိုင် ဖြစ်သော်လည်း မှောင်ခိုဈေးဖြင့်သာ ရောင်းချသည့် စက်သုံးဆီ အရောင်းဆိုင်များ ကြောင့် တရားဝင် ရည်ညွှန်းဈေးဖြင့် ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ နစ်နာနေရကြောင်း စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောဆိုထားသည်။

.

No comments:

Post a Comment

Pages