.
၂၀၂၅ ခုနှစ်ရဲ့ Miss Grand Orlando အလှမယ်ဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဗင်နီဇွဲလားအလှမယ် စကားလန့် ရိုဒရီဂွက်ဇ်က
ဇွန်လ ၂၄ ရက် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူတွေထဲ ပါဝင်သွားခဲ့ပါတယ်။
.
.ဗင်နီဇွဲလား မော်ဒယ်တစ်ဦးဖြစ်တဲ့
ရိုဒရီဂွက်ဇ်နဲ့ သူမရဲ့ချစ်သူ ကက်စထရိုတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ကာတီယာလာမာ
မှာရှိတဲ့ တိုက်ခန်းအဆောက်အအုံရဲ့ အပျက်အစီးတွေအောက်မှာ တွေ့ခဲ့ရတာပါ။ သူမရဲ့ ဆွေမျိုးတွေက
ဇူလိုင် ၁ ရက်နေ့မှာ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြတာဖြစ်ပြီး ငလျင်လှုပ်ခတ်ပြီး
၆ ရက် အကြာမှာမှ ပြန်လည်ရှာတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
.
ရိုဒရီဂွက်ဇ်က ပျောက်ဆုံးနေတဲ့ စာရင်းထဲမှာ
ပါဝင်ခဲ့သူဖြစ်ပြီး သူမနေထိုင်တဲ့တိုက်ခန်း ပြိုကျသွားခဲ့တာမို့ သေဆုံးမှုကို
ချက်ချင်းအတည်မပြုနိုင်သေးဘဲ ရှာဖွေနေခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကယ်ဆယ်ရေး
အဖွဲ့တွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့တဲ့ ချစ်သူနှစ်ဦးရဲ့ ရုပ်အလောင်းကို
တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။
.
“ဝမ်းနည်းစရာကောင်းစွာနဲ့
သူတို့နှစ်ယောက်စလုံးကို သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ နောက်ဆုံးအချိန်အထိ
တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေခဲ့ကြပါတယ်” လို့ မိသားစုဝင်တွေက ရိုဒရီဂွက်ဇ်ရဲ့ နာရေးစရိတ်
အတွက် အလှူငွေကောက်ခံနေတဲ့ Go FundMe စာမျက်နှာမှာ
ရေးသားထားပါတယ်။
.
ရိုဒရီဂွက်ဇ် ကွယ်လွန်ကြောင်း အတည်ပြုပြီးတဲ့ နောက်မှာတော့
Miss Grand Florida က သူမအတွက် ဝမ်းနည်းကြောင်း
ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာတော့ ရိုဒရီဂွက်ဇ်က ကျက်သရေရှိသူ၊ ကြင်နာ တတ်သူ၊
စိတ်ဓာတ်ခိုင်မာသူနဲ့ အကောင်းမြင်စိတ်ရှိသူအဖြစ် ချီးကျူးသွားခဲ့ပြီး Miss
Grand Florida မိသားစုရဲ့ တန်ဖိုးထားတဲ့ စံနှုန်းတွေကို
ကိုယ်စားပြုခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
.
ဗင်နီဇွဲလားရဲ့ ဇွန်လ ၂၄ ရက်နေ့ ငလျင်ကြီးမှာ
အပျက်အစီးတွေ ဖယ်ရှားလာနိုင်တာနဲ့အမျှ သေဆုံးသူဦးရေ က ပိုမိုမြင့်တက်လာခဲ့ပြီး
ဇူလိုင် ၂ ရက်နေ့ မနက်ခင်းအထိ သေဆုံးသူ ဦးရေ ၂၂၀၀ ကျော်ရှိသွားခဲ့ပြီလို့
သိရပါတယ်။
.
Source – Yahoo
.

No comments:
Post a Comment