.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်
.
မက္ကဆီကိုအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆
သင်းအဆင့်ကို တက်သွားခဲ့တာမို့ နိုင်ငံထဲက ပြည်သူတွေ အောင်ပွဲ ခံခဲ့ကြပြီးနောက်
သေဆုံးသူတွေ ရှိလာခဲ့ကြပါတယ်။ လက်ရှိမှာတော့ အောင်ပွဲခံမှုတွေအတွင်းမှာ သေဆုံးသူ ၄
ဦးအထိ ရှိလာခဲ့ပြီလို့ မက္ကဆီကို ကျန်းမာရေးဌာနက ဇူလိုင် ၁ မှာ ထုတ်ပြန်ခဲ့တာပါ။
.
ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ
သေဆုံးသူ ၄ ဦးထဲက ၃ ဦးဟာ အသက်ရှူကြပ်ပြီး သေဆုံး ခဲ့ရတာပါ။ အသက် ၁၉ နှစ်နဲ့ ၄၈
နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ အသက် ၄၄ နှစ်အရွယ်အမျိုးသား တစ်ဦးတို့က အုပ်စုလိုက်
အောင်ပွဲခံမှုတွေမှာ လူအုပ်ကြား ညပ်သွားပြီး အသက်ရှူကြပ် သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။
အခြားတစ်ဦးကတော့ အောင်ပွဲခံနေရင်း ဝက်ရူးပြန်ရောဂါ ဖြစ်ပွားရာကနေ အစာအိမ်နဲ့
အူလမ်းကြောင်း သွေးယိုမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အသက် ၃၀ အရွယ်
အမျိုးသားတစ်ဦးဖြစ်ပါတယ်။
.
မက္ကဆီကိုစီးတီးရဲ့လက်ရှိမြို့တော်ဝန် ကလာရာ
ဘရူဂါဒါက သေဆုံးသူတွေရဲ့မိသားစုဝင်တွေကို ဝမ်းနည်း ကြောင်း ပြောပြခဲ့ပြီး
စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ အပြည့်အဝကူညီပေးသွားမယ်လို့ ဆိုပါတယ်။
.
“မက္ကဆီကိုစီးတီးရဲ့ အစိုးရကိုယ်စား
အောင်ပွဲခံမှုတွေထဲမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် အလွန်ဝမ်းနည်း ကြောင်း
ပြောပြချင်ပါတယ်။ ဒီခက်ခဲတဲ့ကာလအတွင်းမှာ အသက်ဆုံးရှုံးခဲ့သူတွေရဲ့
မိသားစုတွေနဲ့အတူ ရှိပေးသွားမှာဖြစ်ပြီး မြို့တော်အနေနဲ့ လိုအပ်တဲ့
လူမှုရေးနဲ့အဖွဲ့အစည်းဆိုင်ရာ အကူအညီတွေကို ပံ့ပိုး သွားမှာပါ” လို့ ကလာရာက
သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။
.
အစိုးရရဲ့ထုတ်ပြန်ချက်အရ မက္ကဆီကိုက အီကွေဒေါကို
၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး အင်္ဂါနေ့ညမှာ လူပေါင်း ၁ ဒသမ ၄ သန်းလောက်
လမ်းမတွေပေါ်မှာ အောင်ပွဲခံခဲ့ကြပြီး ပရိသတ်အများစုက မြို့တော်ရဲ့ သမိုင်းဝင်နေရာ
ဖြစ်တဲ့ လွတ်လပ်ရေးနတ်သမီးရင်ပြင်မှာ စုပေးခဲ့ကြတာပါ။
.
အဲဒီစုဝေးပွဲက လူပေါင်း သိန်းချီခဲ့တာကြောင့်
ဒဏ်ရာရသူ ၅၀ ကျော်ရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရသူပေါင်း ၁၆၁၅ ဦးရရှိခဲ့တယ်လို့
သိရပါတယ်။ ဒါ့အပြင် ဘာဂျာပြည်နယ်မှာ အသက် ၄၄ နှစ်အရွယ် အမျိုးသား တစ်ဦးက
ကမ္ဘာ့ဖလားမှာ အောင်ပွဲခံနေတဲ့ ပရိသတ်တစ်ဦးကို ကားနဲ့တိုက်မိခဲ့ပြီးနောက်
အခြားပရိသတ် တွေရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့အဖြစ်လည်း
အင်္ဂါနေ့က ဖြစ်ပွားခဲ့ပါသေးတယ်။
.
Source – aa.com
.

No comments:
Post a Comment