.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင်
ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.

ကလောမြို့၊ အောင်ပန်း-ကလောလမ်းခွဲ၊ တိုးလ်ဂိတ်အနီးတွင်
ရပ်နားထားသော ၁၂ ဘီးယာဉ်ပေါ်၌ ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက် ၆ နာရီခန့်က ယာဉ်မောင်းအမျိုးသားတစ်ဦးအား
ကားမိုးကာ ချည်သည့်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူ ယာဉ်မောင်း အမျိုးသားသည် နံနက်အစောပိုင်း
၂ နာရီခန့်က ကားပေါ်၌ ဂိမ်းကစားနေခဲ့ပြီး နံနက် ၆ နာရီခန့်တွင် စပယ်ယာဖြစ်သူက လိုက်လံရှာဖွေရာမှ
၎င်းအား ကြိုးဆွဲချ သေဆုံးလျက် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက
“သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး နေပါတယ်” ဟု ပြောကြားခဲ့သည်။
.
သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား အောင်ပန်းနာရေးကူညီမှုအသင်း
ယာဉ်ဖြင့် ကလော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ကလောမြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment