.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်
.
ထိုင်းနိုင်ငံအတွင်း တစ်နှစ်ကြာ
စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရတဲ့ အကြီးစား မူးယစ်ဆေးဝါးကွန်ရက် နှိမ်နှင်းမှု
စစ်ဆင်ရေးအပြီးမှာ ရဲတပ်ဖွဲ့ ဒုဗိုလ်မှူးကြီးတစ်ဦး အပါအဝင် အခြား သံသယရှိသူ ၉
ဦးကို ဖမ်းဆီးခဲ့ပြီး ဘတ် ၁၆ သန်းကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ
သိမ်းဆည်းခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။
.
.ဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း
ချင်းရိုင်နဲ့ လိုဝီပြည်နယ်တွေမှာ ပြုလုပ်ခဲ့တာပါ။
.
ဒီစစ်ဆင်ရေးကို ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ “War
on Drugs” မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါဒအရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး
မူးယစ်ဆေးဝါး ကွန်ရက်တွေမှာ ပါဝင်နေတဲ့၊ အကူအညီပေးနေတဲ့ အစိုးရဝန်ထမ်းတွေ ကို
အရေးယူဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
.
ဒီစုံစမ်းစစ်ဆေးမှုကို ပြီးခဲ့တဲ့ မေလကနေ
စတင်ခဲ့တာဖြစ်ပြီး ချင်းရိုင်မှာ ကီတာမင်း ၅၂၉ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တဲ့ အမှုကနေ
စတင်ခဲ့တာပါ။
.
အဲဒီနောက် ၃ လအကြာမှာ ထိုင်းနိုင်ငံထဲကို
ဝင်ရောက်လာတဲ့ မူးယစ်ကွန်ရက်ရဲ့အဓိက ခေါင်းဆောင်တစ်ဦး ကို
လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ဖမ်းဆီးနိုင်ခဲ့တာကနေ ကွင်းဆက်ဖမ်းဆီးမှုတွေ
ဆက်တိုက် ပေါ်ပေါက် လာခဲ့တာပါ။
.
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့က လိုဝီပြည်နယ်မှာ ရဲတပ်ဖွဲ့ ဒုဗိုလ်မှုးကြီး တစ်ယောက်ကို
ဖမ်းဆီးလိုက်ပြီး အစိုးရရဲ့ လျှို့ဝှက်တဲ့ သတင်းအချက်အလက်တွေကို မူးယစ်ကွန်ရက် တွေဆီ
ပေါက်ကြားစေခဲ့ပြီး သံသယရှိသူတွေကို ဥပဒေရဲ့အရေးယူမှုကနေ ရှောင်လွှဲနိုင်ဖို့
ကူညီပေးခဲ့တယ် လို့လည်း ရဲတပ်ဖွဲ့က ယုံကြည်နေတာပါ။
.
ဗိုလ်မှူးကြီးက ရဲတပ်ဖွဲ့ရဲ့စွဲချက်တွေကို
ဝန်ခံခဲ့ပြီး သူ့ရဲ့ရုံးခန်းအတွင်း ဝင်ရောက်ရှာဖွေမှုမှာလည်း အလုပ်စားပွဲ အံဆွဲထဲမှာ
ဝှက်ထားတဲ့ မက်သာဖက်တမင်း ဆေးပြား ၇၅ ပြားကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
.
နောက်တစ်ရက်မှာတော့ လိုဝီပြည်နယ်မှာပဲ နောက်ထပ်
သံသယရှိသူတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး အဲဒီအမျိုးသားက မူးယစ်ကွန်ရက်အတွက်
ငွေလွှဲတွေကို လက်ခံခြင်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပေးချေဖို့
တာဝန်ယူဆောင်ရွက်ခဲ့တဲ့သူ လို့ သိရပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment